အမေရိကန်က အီရန်ကို စီးပွားရေးဒဏ်ခတ် အရေးယူပိတ်ဆို့မှု ပြန်လည်စတင်

အမေရိကန်က အီရန်ကို စီးပွားရေးဒဏ်ခတ် အရေးယူပိတ်ဆို့မှု ပြန်လည်စတင်

၀ါရှင်တန် ” ထရမ့်အစိုးရသည် အီရန်နိုင်ငံကို စီးပွားရေး အရေးယူပိတ်ဆို့မှု နိုဝင်ဘာ ၅ ရက်က ပြန်လည်အသက်သွင်းခဲ့ရာ ၎င်း၏အရေးပါသော မဟာမိတ်နိုင်ငံအချို့နှင့် လက်တွေ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွင် ပိတ်မိနေခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အီရန်ကိုစီးပွားရေးအရ အရေးယူပိတ်ဆို့မှု ပြုလုပ်ထားသော်လည်း တရုတ်နိုင်ငံ၊ အမေရိကန်နှင့် ရင်းနှီးသော မိတ်ဖက် ခုနစ်နိုင်ငံကို အီရန်ထံမှ ရေနံစိမ်းနှင့် အခြား ရေနံထွက်ကုန်ပစ္စည်းများတင်သွင်းခွင့်ကို ခွင့်ပြုခဲ့ခြင်းသည် အီရန်နိုင်ငံ၏ ပြည်ပပို့ကုန်များကို လုံးဝပိတ်ဆို့ပစ်လိုက်ပါက ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အခြားစီးပွားရေးဆိုင်ရာ အနှောင့်အယှက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

အီရန်၏ စွမ်းအင်ကဏ္ဍ၊ ငွေကြေးကဏ္ဍနှင့် သင်္ဘောဖြင့် ကုန်တင်ပို့မှု အခန်းကဏ္ဍများကို အဓိထားကာ အီရန်၏ ပဲ့ထိန်းစနစ်ပစ်ဒုံးကျည်အစီအစဉ်ကို အဆုံးသတ်ရန် တွန်းအားပေးခြင်းနှင့် အရှေ့အလယ်ပိုင်းတွင် အီရန်၏ လက်နက်ပံ့ပိုးမှုကို အဆုံးသတ်ရန် ရည်ရွယ်ပြီး အသစ်ပြန်လည် အသက်သွင်းလိုက်သည့် စီးပွားရေး အရေးယူပိတ်ဆို့မှုကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အရေးယူပိတ်ဆို့မှုသည် ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ ရုပ်သိမ်းခဲ့သောအမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုအားလုံးကို ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သည်။ 

အဆိုပါသဘောတူညီချက်အရ အီရန်က ယင်း၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်သည့်အတွက် အပြန်အလှန်အားဖြင့် အမေရိကန်က  သက်သာခွင့်ငွေ ဒေါ်လာ ဘီလျံနှင့်ချီ ပေးခဲ့သောကြောင့် အိုဘားမားအစိုးရလက်ထက်တွင် အမေရိကန်က အီရန်ကို ကိုင်တွယ်မှု အလွန်ပျော့ပျောင်းလွန်းသည်ဟု ေ-ဝဖန်သူများက စောဒကတက်ခဲ့ကြသည်။

အမေရိကန်အစိုးရက အီရန်၏ ရေနံဝင်ငွေကို လျှော့ချရန်ကြိုးပမ်းသော်လည်း ဂရိ၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့်တူရကီနိုင်ငံတို့အား  အီရန်မှရေနံများ ဆက်လက်ဝယ်ယူခွင့် ပြုထားသည်။ 

ရေနံဝယ်ယူခွင့်ပြုထားသည့် နိုင်ငံများအနက်  ဂရိ၊ အီတလီနှင့်တူရကီတို့မှာ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။ ဂျပန်နှင့်တောင်ကိုရီးယားက အမေရိကန်နှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီး မြောက်ကိုရီးယား နျူကလီးယား လက်နက် ကင်းစင်ရေး ပဏာမ ခြေလှမ်းတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်နေသည်။ 

တရုတ်နိုင်ငံ၏ ကြီးထွားလာသော လွှမ်းမိုးမှုကို တုံ့ပြန်ရန် ဒေသအတွင်းရှိ နိုင်ငံများ စည်းလုံးညီညွတ်ရန် ကြိုးပမ်းလျက်ရှိရာအိန္ဒိယနိုင်ငံက အမေရိကန်အစိုးရ၏ အင်ဒို”  -ပစိဖိတ် မဟာဗျူဟာတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်။ 

အီရန်ထံမှရေနံများ ဝယ်ယူမှုရပ်တန့်ရန် နိုင်ငံအချို့ကို အမေရိကန်က ဖိအားပေး မှုကြောင့် အီရန်၏ ရေနံတင်ပို့မှုမှာ တစ်နေ့လျှင် ရေနံစိမ်းစည် တစ်သန်းကျော်လျော့ကျခဲ့ကာ ဝင်ငွေ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ နစ်နာဆုံးရှုံးခဲ့ကြောင်း သိရသည်