ထောင်သောင်းချီသော ရွှေ့ပြောင်း နေထိုင်သူများ မက္ကဆီကိုမြို့သို့ ရောက်ရှိ

ထောင်သောင်းချီသော ရွှေ့ပြောင်း နေထိုင်သူများ မက္ကဆီကိုမြို့သို့ ရောက်ရှိ

မော်တော်ယာဉ်တန်းဖြင့် ထောင်သောင်းချီများပြားသော ဗဟိုအမေရိက နိုင်ငံအချို့မှ ရွှေ့ပြောင်းအခြေချသူများသည် နိုဝင်ဘာ၅ ရက်တွင် မက္ကဆီကိုမြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး အားကစားကွင်းတစ်ခုတွင် ခေတ္တခိုလှုံလျက်ရှိသည်။ မက္ကဆီကို နိုင်ငံပိုင်နက်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်မည့်  ၎င်းတို့၏ ခရီးစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သက်တမ်းဝက်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အဓိကကိစ္စတစ်ခုအဖြစ်သတ်မှတ်ခဲ့သည်။ 

မက္ကဆီကိုမြို့တော်ရှိ ဂျီးဆက်စ် မာတီးနက်စ် အားကစားကွင်းသို့ နေ့လယ်ပိုင်းတွင် ရွှေ့ပြောင်းအခြေချသူဦးရေ နှစ်ထောင်နှင့် အထက် ရောက်ရှိလာခဲ့ကြသည်။ ညပိုင်းအချိန်အထိ ရွှေ့ပြောင်းအခြေချသူများ ဆက်လက် ရောက်ရှိလာခဲ့ကြကြောင်းသိရသည်။ ရွှေ့ပြောင်းနေထိုင်သူများက မက္ကဆီကို အစိုးရစီစဉ်ပေးထားသော ယာယီ ဆေးကုသဆောင်များတွင် မိုင်ပေါင်းများစွာ လမ်းလျှောက်လာခဲ့ခြင်းမှ ရရှိလာသော ခြေထောက်ဒဏ်ရာများ၊ ဖျားနာဝေဒနာများနှင့် အခြား ရောဂါများအတွက် ကုသမှုခံယူကြရသည်။ "ကျွန်မတို့ စရောက်ကတည်းက နားကိုမနားရသေးဘူး" ဟု မက္ကဆီကို မြို့တော် ပြည်သူ့ကျန်းမာရေးဌာနမှ သူနာပြု တန်နီယာ အက်စ်ကိုဘာက ပြောသည်။

အဆိုပါ အားကစားကွင်းနေရာအပြင် ပူဘလာ မြို့တော် နှင့် မက္ကဆီကို မြို့ အကြားရှိ အဝေးပြေးလမ်းမကြီး တစ်လျှောက်တွင် ဖြတ်သန်းလာသော မော်တော်ယာဉ်များကို တား၍ လမ်းကြုံလိုက်ခွင့် ရရှိရန် အချို့ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများက ကြိုးပမ်းလျက်ရှိသည်။ 

လူအစုအဝေးယာဉ်တန်းက ရွှေ့ပြောင်းနေထိုင်သူများ ၅çဝ၀ဝ ကျော်နှင့် မိုင်ရာပေါင်းများစွာခန့်က ရွှေ့ပြောင်းနေထိုင်သူများ အုပ်စုငယ် အချို့ကို မက္ကဆီကို အစိုးရက နေရာထိုင်ခင်းပေးရန် စီစဉ်ခဲ့ကြောင်း မက္ကဆီကို လူ့အခွင့်အရေးကော်မရှင် အစိုးရအရာရှိ နက်ရှ်လီ ရာမီရက်စ်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများမှာ အုပ်စုလိုက် နည်းလမ်းအမျိုးမျိုးဖြင့် နှစ်စဉ် ပုံမှန် အမေရိကန်နိုင်ငံအတွင်းသို့ အမှတ်တမဲ့ ဝင်ရောက်လေ့ရှိသော်လည်း အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲနေ့ နီးလာသည့်အချိန်တွင် အမေရိကန်သမ္မတ ထရမ့်က ၎င်း၏ မဲဆွယ်စည်းရုံးရေးအတွက် အဆိုပါ ရွှေ့ပြောင်းအခြေချသူများကို ကြီးမားသော ဘေးအန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။ 

ရွှေ့ပြောင်း အခြေချသူများ အမေရိကန်နိုင်ငံ၏တောင်ဘက် မိုင်ရာပေါင်းများစွာ အကွာအဝေးတွင်သာ ရှိနေသေးသည့်အချိန်တွင် ထရမ့်က အမေရိကန်”မက္ကဆီကို နယ်စပ်တစ်လျှောက် လုံခြုံရေးမြှင့်တင်စောင့်ကြပ်ရေးအတွက် ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားများကို စေလွှတ်ခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်သုံးပတ်ကျော်ခန့်တွင် ဟွန်ဒူးရပ်စ်မှ ရွှေ့ပြောင်းနေထိုင်သူ အစုအဝေး စတင်ထွက်ခွာခဲ့ပြီးနောက် ပြုလုပ်ခဲ့သော လူတွေ့မေးမြန်းမှု အချို့တွင် ဆင်းရဲနွမ်းပါးမှုနှင့် အကြမ်းဖက်မှုများမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများက ပြောကြားခဲ့သည်။ 

ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ ကလေးငယ်များ ပါဝင်သည့် မိသားစု များဖြစ်ကြသည်။ ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင်များ၏ ခြိမ်းခြောက်မှုများကြောင့်၊ သို့မဟုတ် ရာဇဝတ်ဂိုဏ်း အကြမ်းဖက်မှုဖြင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ခြင်းကြောင့် နေရပ်မှ ထွက်ခွာလာကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူ အချို့က ဖြေကြားခဲ့သည်။ 

အချို့ ရွှေ့ပြောင်းနေထိုင်သူများက အလုပ်အကိုင်ရရှိလိုသည့်အပြင် ၎င်းတို့၏ သားသမီးများအတွက် ကောင်းမွန်သော ပညာရေးရရှိရန်နှင့် နေရပ်တွင် ကျန်ရစ်ခဲ့သော ဆွေမျိုးများကို ထောက်ပံ့ရန် ပိုက်ဆံရှာချင်သော ရည်ရွယ်ချက်ဖြင့် ထွက်ခွာ လာခဲ့ကြခြင်းဖြစ်သည်။ 

မက္ကဆီကို နိုင်ငံက ချီရာပက်စ်၊ အော်ဆာကာနှင့် ဗီရာကရက်စ် ပြည်နယ်များရှိ အဝေးပြေးလမ်း၏ မိုင် ၃၀ဝ ခန့်တွင် ရွှေ့ပြောင်းနေထိုင်သူ အုပ်စုသုံးစု အနည်းစုရှိနေသော အခြေအနေကို ရင်ဆိုင်နေရလျက်ရှိသည်။ 

ယခုသီတင်းပတ်တွင် မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော် သွားလာခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ဦးရေမှာ လက်ရှိတွင် ၅çဝ၀ဝ ကျော် ခန့်ရှိကြောင်း မက္ကဆီကို ပြည်ထဲရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။ 

မကြာသေးမီ ရက်သတ္တပတ်များအတွင်း မက္ကဆီကိုနိုင်ငံ၌ ရွှေ့ပြောင်းနေထိုင်သူ ၂ç၇၉၃ ဦးခန့်က ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့ပြီး ၅၀ဝ ခန့်က ၎င်းတို့၏ နိုင်ငံများသို့ပြန်နိုင်ရန် အကူအညီတောင်းခံခဲ့ကြကြောင်းသိရသည်။