ဂျက်ဖ် ဆက်ရှင်စ်အား ရှေ့နေချုပ်အဖြစ်မှ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဖယ်ရှား စိတ်ဆန္ဒအရ နုတ်ထွက်ခြင်းမဟုတ်ဘဲ သမ္မတအလိုအရသာဖြစ်ကြောင်း ဆက်ရှင်စ်တုံ့ပြန်

ဂျက်ဖ် ဆက်ရှင်စ်အား ရှေ့နေချုပ်အဖြစ်မှ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဖယ်ရှား စိတ်ဆန္ဒအရ နုတ်ထွက်ခြင်းမဟုတ်ဘဲ သမ္မတအလိုအရသာဖြစ်ကြောင်း ဆက်ရှင်စ်တုံ့ပြန်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည့် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ်အား ရာထူးမှဖယ်ရှားလိုက်ပြီဖြစ်သည်။

ရှေ့နေချုပ်ဂျက်ဖ် ဆက်ရှင်စ်အား တာဝန်ကျေပွန်စွာထမ်းဆောင်မှုအတွက် ကျေးဇူးတင်ရှိပြီး အစစအရာရာအဆင်ပြေပါစေကြောင်း ဆန္ဒပြုလိုုက်ပါသည်ဟု ထရမ့်က တွစ်တာ၌ နိုဝင်ဘာ ၇ ရက်တွင် ရေးသားခဲ့သည်။

ဆက်ရှင်စ်သည် ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ဖူးသည့်အချက်ကို အထက်လွှတ်တော်၏ကြားနာစစ်ဆေးမှုအတွင်း ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ထရမ့်၏ ကိုယ်ရေးအရာရှိများက ရုရှားအစိုးရအရာရှိများနှင့် လျှို့ဝှက်တွေ့ဆုံမှုအပေါ် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲနေခဲ့သည်။ ဝင်ရောက်စွက်ဖက်မှုအပေါ် စုံစမ်းစစ်ဆေးမှုအား ဝစ်တိတ်ကာက ဝေဖန်ခဲ့ဖူးသည်။

၎င်း၏စိတ်ဆန္ဒအရ ရာထူးမှနုတ်ထွက်ခဲ့ခြင်းမဟုတ်ဘဲ သမ္မတ၏တောင်းဆိုမှုအရ နုတ်ထွက်စာတင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဥပဒေစိုးမိုးမှုပြန်ရအောင်နှင့် ဥပဒေစိုးမိုးအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ဆက်ရှင်စ်၏ နုတ်ထွက်စာတွင်ဖော်ပြထားသည်။

အက်ဖ်ဘီအိုင်အကြီးအကဲဟောင်း ရောဘတ်မြူလာက ရုရှား၏ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းစစ်ဆေးမှုအား ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းပြီး ကန့်သတ်မှုများလုပ်ဆောင်ရန် ပြောဆိုခဲ့ဖူးသည့်အတွက် ဝစ်တိတ်ကာသည်လည်း စုံစမ်းစစ်ဆေးမှုကို လက်ရှောင်သင့်ကြောင်း အထက်လွှတ်တော်ရှိ ဒီမိုကရက်ခေါင်းဆောင် ချက်ရှူးမားကပြောဆိုခဲ့သည်။

တရားရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြူလာ၏စုံစမ်းစစ်ဆေးမှုကြောင့် ထရမ့်၏ လက်ထောက်များစွာ ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီးဖြစ်သည်။ ဆက်ရှင်စ်သည် လက်မရှောင်သင့်ခဲ့ကြောင်း၊ လက်ရှောင်မည်ဆိုပါကလည်း ရာထူးကိုမရယူမီကတည်းက ဖွင့်ပြောသင့်ပြီး ၎င်းနေရာတွင် အခြားလူတစ်ဦးကို အစားထိုးခန့်အပ်ခဲ့မည်ဖြစ်ကြောင်း ထရမ့်က ၂၀၁၇ ခုနှစ် ဇူလိုင်တွင် နယူးယောက်တိုင်းမ်သတင်းစာသို့ပြောဆိုခဲ့သည်။

ဆက်ရှင်စ်သည် ပျော့ညံ့လွန်းသူဖြစ်ကြောင်း ထရမ့်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်သည်။ ဝစ်တိတ်ကာသည် မြူလာ၏စုံစမ်းစစ်ဆေးမှုကို ထိန်းချုပ်မည်ဖြစ်သောကြောင့် ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိန်းသည် စစ်ဆေးမှုကို ဦးဆောင်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း စီဘီအက်စ်သတင်းဌာနကဖော်ပြခဲ့သည်။

သမ္မတသည် အထူးစုံစမ်းရေးမှူး မြူလာကို တိုက်ရိုက် ဖယ်ရှားခွင့်မရှိသော်လည်း ဝစ်တိတ်ကာမှာမူ မြူလာကို ဖယ်ရှားပြီး စစ်ဆေးမှုကို အဆုံးသတ်ခွင့်ရှိနေသည်။ မြူလာ၏စုံစမ်းစစ်ဆေးမှု ရပ်ဆိုင်းခြင်းမရှိကြောင်း အတတ်နိုင်ဆုံးကာကွယ်သွားမည်ဖြစ်ကြောင်း ရှူးမားနှင့် အောက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် နန်စီပလော့စီတို့ကပြောဆိုခဲ့သည်။