ပိုလန်လွတ်လပ်ရေး ရာပြည့်အခမ်းအနား၌ အမျိုးသားရေးဝါဒီများချီတက်မှုကို ပိတ်ပင်

ပိုလန်လွတ်လပ်ရေး ရာပြည့်အခမ်းအနား၌ အမျိုးသားရေးဝါဒီများချီတက်မှုကို ပိတ်ပင်

ပိုလန်လွတ်လပ်ရေးရရှိမှု နှစ် ၁၀ဝ ပြည့်မြောက်မည့် နိုဝင်ဘာ ၁၁ ရက်တွင် လက်ယာစွန်း အမျိုးသားရေးဝါဒီများက ချီတက်ရန်ပြင်ဆင်ထားရန် ယင်းချီတက်မှုကြောင့် အကြမ်းဖက်မှုနှင့် အမုန်းစကားပြောဆိုမှုများရှိလာနိုင်သောကြောင့် ချီတက်မှုကို ဝါဆောမြို့တော်ဝန်က ပိတ်ပင်လိုက်ပြီဖြစ်သည်။

ပိတ်ပင်ချက်ကို ဆန့်ကျင်မည်ဖြစ်ကြောင်း ချီတက်ပွဲစီစဉ်သူများကပြောဆိုခဲ့သည်။ ပထမကမ္ဘာစစ်ပြီးဆုံးချိန် ပိုလန်လွတ်လပ်ရေးရရှိခဲ့သည့် နိုဝင်ဘာ ၁၁  အခမ်းအနား၌ ချီတက်ပွဲပြုလုပ်ခွင့်ရမည် မဟုတ်ကြောင်း ပိတ်ပင်ချက်ကို ပယ်ဖျက်ပေးရန် အမျိုးသားရေးဝါဒီများက တရားရုံးမှတစ်ဆင့် အယူခံဝင်ထားသည်။

ဥရောပတစ်ဝန်းမှ အမျိုးသားရေးဝါဒီများအပါအဝင် လူထောင်ပေါင်းများစွာ တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်တွင် လူ ၆၀ဝ၀ဝ ခန့်ပါဝင်ချီတက်ခဲ့ပြီး လူမျိုးရေးခွဲခြားသောစာများရေးထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ကာ သွေးမနှောသော ဥရောပ၊ လူဖြူများသာနေထိုင်သော ဥရောပ ကဲ့သို့ ကြွေးကြော်သံများကို ရွတ်ဆိုခဲ့ကြသည်။

အစွန်းရောက်အမျိုးသားရေးဝါဒကြောင့် ဝါဆောထိခိုက်နစ်နာခဲ့ရပြီးဖြစ်ကြောင်း မြို့တော်ဝန် ဟန်နာ ဂရွန်ကီဗစ်ဝေါ့စ်က ပြောဆိုခဲ့သည်။ သို့သော် ဥရောပသမဂ္ဂကို များစွာမထောက်ခံသည့် အာဏာရ ဥပဒေနှင့် တရားရေး( ပီအိုင်အက်စ်) ပါတီဦးဆောင်သော အစိုးရက ပီအက်စ်အိုင်မဟာမိတ် သမ္မတ အန်ဒရေဒူဒါ၏ ကြီးကြပ်မှုဖြင့် ချီတက်မှုပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြောက်အာဖရိကမှ ရွှေ့ပြောင်းတချို့ကို လက်ခံပေးရန် ဥရောပသမဂ္ဂကတောင်းဆိုထားသော်လည်း အမျိုးသားရေးဝါဒဘက်သို့ ယိမ်းသည့် ပီအိုင်အက်စ်သည် ရွှေ့ပြောင်းများကို လက်ခံခြင်းမပြုခဲ့ချေ။