သံဖြူဇရပ်မြို့နယ်တွင် စိတ်ကြွဆေး သုံးစွဲရောင်းချသူကို ဖမ်းဆီး

သံဖြူဇရပ်မြို့နယ်တွင် စိတ်ကြွဆေး သုံးစွဲရောင်းချသူကို ဖမ်းဆီး

သံဖြူဇရပ်မြို့နယ်တွင် စိတ်ကြွဆေးရောင်းချသူကို သတင်းအရ နိုဝင်ဘာ ၇ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင်  သံဖြူဇရပ်မြို့နယ်၊ ကျုံကရုတ်ကျေးရွာ (တောင်ပိုင်း)၊ မ/၆၆ နေ ဝင်းအောင်(ခ)ကိုအောင်၏နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေ ကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သည်။

၎င်းကို နေအိမ်ဝရံတာတွင် ထိုင်လျက် တွေ့ရှိရပြီး ၄င်း၏ခန္ဓာကိုယ်နှင့်နေအိမ်အတွင်း ရှာဖွေခဲ့ရာ နေအိမ် ဧည့်ခန်း TV စင်အနီးတွင် ရောင်စုံအချိုရည်စုပ်ပိုက်အပိုင်းအစများနှင့် အမြင့်(၃)လက်မခန့်ရှိ အဖြူရောင်ကော်ဗူး(၁)ဗူးတို့ကို တွေ့ရှိရပြီး ကော်ဗူးအတွင်းနှင့် ကော်ဗူးအနီးမှ ရောင်စုံအချိုရည် စုပ်ပိုက်(၁၀၈)ခုကို  တွေ့ရှိ၍ ဖွင့်ဖေါက်စစ်ဆေးခဲ့ရာ ရောင်စုံအချိုရည်စုပ်ပိုက်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား (၁၆၇)ပြားကိုတွေ့ရှိသိမ်းဆည်းခဲ့သည်။

ထို့ပြင် ဝင်းအောင်(ခ)ကိုအောင်ထိုင်နေသည့်နေရာအနီးမှ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၁ လုံး၊ မူးယစ်ဆေးဝါးရောင်ချရရှိငွေစက္ကူရောရာ ကျပ် ၄၁၇၀ဝ၀ တို့ကိုလည်း သိမ်းဆည်းခဲ့သည်။

ထို့နောက် ၄င်း၏ နေအိမ် ရေခဲသေတ္တာနောက်အတွင်း စိတ်ကြွေးဆေးပြားများထည့်သွင်းရန်ဖြတ် တောက်ထားသည့်အရေးစုပ်ပိုက်များကိုလည်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် သံဖြူဇရပ်မြို့မရဲစခန်း က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဉပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်။