ဘင်္ဂါလီပြန်လည်လက်ခံရေးကိစ္စ ရခိုင်အမျိုးသားပါတီ သဘောထားပြောင်းလဲမည် မဟုတ်ဟုဆို

ဘင်္ဂါလီပြန်လည်လက်ခံရေးကိစ္စ ရခိုင်အမျိုးသားပါတီ သဘောထားပြောင်းလဲမည် မဟုတ်ဟုဆို

ရခိုင်ပြည်နယ် မောင်တောဒေသမှ နေရပ်စွန့်ခွာသွားကြသော ဘင်္ဂါလီများကို ယခုလ ၁၅ ရက်ကစတင်၍ အသုတ်လိုက်လက်ခံနိုင်ရေးဆောင်ရွက်နေသည်နှင့်ပတ်သက်ပြီး ရခိုင်အမျိုး သားပါတီ (ANP) အနေဖြင့် သဘောထားပြောင်းလဲမည်မဟုတ်ကြောင်း ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောဆိုသည်။

ဘင်္ဂါလီလူဦးရေ  ၂၂၆၀ ခန့်ကို တစ်ရက်လျှင် ၁၅၀ ဦးနှုန်းဖြင့် ပြန်လည်လက်ခံသွားမည်ဖြစ်သော်လည်း ယင်းသို့လက်ခံခြင်းနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသား ပါတီအနေဖြင့် ဇန်နဝါရီ ၁၅ ရက်ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်အတိုင်းသာ ရပ်တည်သွားမည်ဖြစ်ကြောင်း ဒေါ်အေးနုစိန်က ပြောဆိုသည်။
လုံးဝမပြောင်းလဲ
"ကျွန်မတို့ဘက်ကတော့ သဘောထားထုတ်ပြန်ချက်ထုတ်ပြီးသားလေ။ ဒီပြန်လည်နေရာ ချထားရေးမှာ နောက်ထပ်အကြမ်းဖက်မှုတွေမဖြစ်ဖို့၊ ရခိုင်အမျိုးသားအကျိုးစီးပွားကိုကာကွယ် ပြီးတော့ လုံခြုံမှုပေးနိုင်ဖို့ ဒီအနေအထားတွေကိုထည့်သွင်းစဉ်းစားပါ။ အဲဒီလိုထုတ်ထားတဲ့ သဘောထားက လုံးဝမပြောင်းလဲဘူး"ဟု ၎င်းကပြောဆိုသည်။             



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး