ကမ္ဘာကျော် ထိပ်သီးအမေရိကန် အီး-ကော်မာ့စ်လက်လီအရောင်းလုပ်ငန်းအမေဇုန်၏ ဒုတိယရုံးချုပ်ထားမည့် ဆန်ခါတင်မြို့ကြီးနှစ်မြို့စာရင်းထွက်ပေါ်

ကမ္ဘာကျော် ထိပ်သီးအမေရိကန် အီး-ကော်မာ့စ်လက်လီအရောင်းလုပ်ငန်းအမေဇုန်၏ ဒုတိယရုံးချုပ်ထားမည့် ဆန်ခါတင်မြို့ကြီးနှစ်မြို့စာရင်းထွက်ပေါ်

မြို့အမည်ပေါင်း ၂၀ဝ ကျော်အပြိုင်ထွက်ပေါ်ခဲ့ရာမှ  နောက်ဆုံးတွင် ကမ္ဘာကျော် ထိပ်သီးအမေရိကန် အီး-ကော်မာ့စ်လက်လီအရောင်းလုပ်ငန်း အမေဇုန်၏ ဒုတိယရုံးချုပ် ထားရှိမည့် ဆန်ခါတင်မြို့ကြီးနှစ်မြို့ စာရင်းထွက်ပေါ်လာသည်။

ဗာဂျီးနီးယားပြည်နယ်မှ ခရစ္စတယ်စီးတီးနှင့် နယူးယောက်ပြည်နယ်မှ လောင်းအိုင်းလန်းမြို့ကြီးများမှာ နောက်ဆုံး ဆန်ခါတင်ထွက်ပေါ်လာကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၇ ရက်တွင်ပြောသည်။ ကမ္ဘာကျော်ထိပ်သီးအမေရိကန် အီး-ကော်မာ့စ်လက်လီအရောင်းလုပ်ငန်း အမေဇုန်၏ ဒုတိယရုံးချုပ်ထားရှိခံရမည့်မြို့တွင် လစာမြင့်အလုပ်အကိုင် ၅၀ဝ၀ဝ ခန့်နှင့် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာငါးဘီလီယံခန့် ရောက်ရှိလာမည်ဖြစ်သည်။

ဒုတိယရုံးချုပ်ထားရှိမည့် ဆန်ခါတင် မြို့ကြီးနှစ်မြို့စာရင်းထွက်ပေါ်လာပြီး ယှဉ်ပြိုင်ခဲ့မှုမှာ ၂၀၁၇ စက်တင်ဘာတွင်စတင်ခဲ့ပြီး  လက်ရှိဆီးယက်တဲရုံးချုပ်အပြင် ဒုတိယရုံးစိုက်ရာမြို့ကို မြောက်အမေရိကတစ်လွှား မြို့တစ်မြို့တွင်ထူထောင်ရန်ဖြစ်သည်။ အမေဇုန်က ရွေးချယ်ယှဉ်ပြိုင်မှုစတင်ပြီးနောက် နယူးယောက်စီးတီး၊ အယ်လ်အေ၊ ဝါရှင်တန်ဒီစီ၊ တိုရွန်တို(ကနေဒါ)အပါအဝင် မြေက် အမေရိကတစ်လွှား ၂၃၈ မြို့က စာရင်းပေး အဆိုပြုယှဉ်ပြိုင်ခဲ့ကြသည်။

တိုရွန်တိုက မြေနေရာပေးရန်ကမ်းလှမ်းပြီး နယူးဂျာစီပြည်နယ်၏ အကြီးဆုံးမြို့နီဝါ့ခ်က ဒေါ်လာခုနစ် ဘီလီယံ အခွန်သက်သာခွင့်ပေးရန်ကမ်းလှမ်းခဲ့သည်။

ဝေါစထရိဂျာနယ်ဖော်ပြချက်အရ အမေဇုန်က အမေဇုန်၏ ဒုတိယရုံးချုပ်ထားရှိမည့် ဆန်ခါတင်မြို့ကြီးနှစ်မြို့စာရင်း ထွက်ပေါ်လာသည့်အနက် တစ်ခုတည်းကိုမရွေးဘဲ နှစ်ခုခွရွေးကာ တစ်မြို့လျှင် အလုပ် အကိုင် ၂၅၀ဝ၀ ကျစီရရှိစေမည်ဟုဆိုသည်။ နယူးယောက်တိုင်မ်းကလည်း ကမ္ဘာကျော် ထိပ်သီးအမေရိကန် အီး-ကော်မာ့စ်လက်လီအရောင်းလုပ်ငန်း အမေဇုန်၏ဒုတိယရုံးချုပ် အား ခရစ္စတယ်နှင့် လောင်းအိုင်းလန်း နှစ်ခုခွဲခြားထားရှိရန် သဘောတူညီမှုရရှိမည်ဟု ဖော်ပြသည်။

ခရစ္စတယ်မှာ အိမ်ဖြူတော်၊ ကွန်ဂရက်လွှတ်တော်၊ အစိုးရအဖွဲ့အစည်း စသည်များနှင့် ကားတစ်နာရီမောင်းခရီးအတွင်းရှိပြီး လောင်းအိုင်းလန်းမှာ ဘဏ္ဍာရေး၊ မီဒီယာ၊ ယဉ်ကျေးမှု စသည်များ၏အချက်အချာ နယူးယောက်စီးတီးနှင့်နီးကပ်သော ကြောင့်ရွေးချယ်ကြောင်း သိရသည်။

ကမ္ဘာကျော်ထိပ်သီးအမေရိကန် အီး-ကော်မာ့စ် လက်လီအရောင်းလုပ်ငန်း အမေဇုန်၏ထူထောင်သူနှင့် စီးအီးအိုဂျက်ဖ်ဘီဇော့က သူ့ အနေဖြင့် ဒုတိယရုံးချုပ်ထားရှိမည့်နေရာအား သူ့စိတ်ကြိုက် နှလုံးသားဖြင့်ရွေးချယ် နေကြောင်း ဆိုသည်။