ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍမှ ဆရာ ဆရာမများအား တွဲဖက်ပါမောက္ခရာထူးတိုးတန်းစီဇယား လူမှုကွန်ရက်၌ သတင်းထွက်ပေါ်ပျံ့နှံ့မှု တက္ကသိုလ် ဆရာ ဆရာမအသင်း(ကိုယ်စားပြုကော်မတီ)က သဘောမတူကြောင်း သဘောထားကြေညာချက်ကိုနိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ရာထူးတိုးထုတ်ပြန်မှုသည် လက်တွေ့ တွင် ဆရာ ဆရာမတစ်ဦးချင်းစီ၏ အရည် အချင်းများနှင့် များစွာကင်းဝေးလျက်ရှိပြီး အမှန်တကယ်အရည်အချင်းရှိသည့် ဆရာ၊ ဆရာမအများစုမှာ တန်းစီဇယားအောက်ဆုံး တွင်ရောက်ရှိနေသည့်အတွက် တိုင်းပြည်တည် ဆောက်ရေး၌ အသက်သွေးကြောဖြစ်သည့် ပညာရေးကဏ္ဍာအတွက် လွန်စွာအန္တရာယ် ကြီးသည့်အပြင် အမှန်တကယ်အရည်အချင်း ရှိသည့် သက်ဆိုင်ရာ ဆရာ ဆရာမတစ်ဦးချင်း စီ၏ဘဝများကိုပါ ဆိုးကျိုးများစွာသက်ရောက် နိုင်စေသည့်အတွက် တက္ကသိုလ်ဆရာ ဆရာမ များအသင်းမှ အသိအမှတ်ပြုလက်ခံနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်သည်။
မည်သည့်သတ်မှတ်ချက်
"ရာထူးတိုးတန်းစီဇယားက အွန်လိုင်း ကနေ ထွက်လာတယ်။ တရားဝင်မဟုတ်သလို ပုံစံမျိုးလို့တော့ပြောတယ်။ ဒါပေမဲ့ အဲဒီတန်းစီ ဇယားနဲ့ပတ်သက်ပြီးတော့ နိုဝင်ဘာ ၈ ရက်မှာ ဝန်ကြီးကနေပြီးတော့ နေပြည်တော်မှာ ဆရာ ဆရာမအချို့နဲ့ ဆွေးနွေးနေတယ်လို့သိရတယ်။ တန်းစီဇယားရဲ့ သတ်မှတ်ချက်က ဘယ်လို သတ်မှတ်ချက်ကို အခြေခံတာလဲ။ လုပ်သက် များတာကို အခြေခံပြီးတော့ ဆွဲတာလား၊ ဒါမှ မဟုတ် ပါရဂူဘွဲ့ရတာကို အခြေခံပြီးတော့ ဆွဲတာလား၊ သုတေသနကိုအခြေခံပြီးဆွဲတာ လား။ ဒါပြတ်ပြတ်သားသား မရှိတဲ့အတွက် ဘယ်ဟာကိုအခြေခံပြီး ဆွဲတာမသိတဲ့အတွက် ကန့်ကွက်စာထုတ်ပြန်တာပါ။ မနှစ်ကတည်းက ဒီပြဿနာက စနေတာ။ ပြောထားပြီးသား ဒါကို ဆက်ပြီးလုပ်တယ်။ ဝန်ကြီးဌာနက ဗဟို ချုပ်ကိုင်မှုနဲ့ သူတို့ပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ် နေလို့ ဒီလိုပြဿနာဖြစ်တာ။ ဆရာဆရာမ အားလုံးရဲ့ အသံနဲ့လုပ်ရင် အဲဒီလောက်မဆိုး ဘူး။ ဒီနှစ်ကတော်တော်ဆိုးတယ်"ဟု တက္ကသိုလ် ဆရာ ဆရာမများအသင်း အတွင်းရေးမှူး ကထိက ဦးလှိုင်တင့်က ပြောဆိုသည်။
သွေးကွဲမှုများ
ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆရာ ဆရာမအများစု၏အသံများကို နားထောင် မှုမရှိခြင်း၊ အလေးထားမှုမရှိခြင်း၊ လက်သင့်ရာ ဆရာ ဆရာမတချို့နှင့်ဆွေးနွေးပြီး ရှေ့ဆက် ဆောင်ရွက်ခဲ့သောကြောင့် ယခုထုတ်ပြန်လိုက် သည့် ရာထူးတိုး၊ ပြောင်းတန်းစီဇယားသည် လက်တွေ့အခြေအနေနှင့် လွဲမှားနေခြင်း၊ အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ကောင်း မွန်သည့် ဆရာ၊ ဆရာမများအတွက် စိတ်ဓာတ် ကျဆင်းစေပြီး အလုပ်ထွက်ရန်အထိပင် စဉ်း စားပြောဆိုမှုများရှိလာသည်ကို ကြားသိနေရ ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွက် တန်ဖိုးရှိလှ သည့် လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံးနိုင် သည့်အန္တရာယ်ရှိခြင်း ၊ အရည်အချင်းမထိုက် တန်သည့်ပုဂ္ဂိုလ်များက ပညာရေးနယ်ပယ် တွင် ဦးဆောင်လာနိုင်ခြင်း၊ ဆရာ ဆရာမများ အကြား သွေးကွဲမှုများဖြစ်ပေါ်နေလျက်ရှိခြင်း၊ လူမှန်နေရာမှန်မဖြစ်ခြင်း၊ အဂတိလိုက်စားမှု များရှိနေခြင်းတို့ကို ကြားသိနေရသည့်အတွက် မိမိတို့တက္ကသိုလ်ဆရာ ဆရာမအသင်းအနေ ဖြင့် ပညာရေးဝန်ကြီးဌာနမှ ယခုထုတ်ပြန်လိုက် သော တန်းစီဇယားအား ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုထုတ်ပြန်လိုက်သော ရာထူးတိုး၊ ပြောင်း တန်းစီဇယားအား အမြန်ဆုံးပယ်ဖျက်ပေးရန် နှင့် လက်ရှိရာထူးတိုး၊ ပြောင်းဆောင်ရွက်မှုအား လူမှန်နေရာမှန်အပေါ်အခြေခံရေး ၊ တရားမျှတ မှုနှင့် အဂတိတရားကင်းသည့် ရာထူးတိုးမြှင့်မှု များဖြစ်ပေါ်စေရေး အမြန်ဆုံးစီမံဆောင်ရွက် ပေးရန်၊ ရေရှည်အားဖြင့် တက္ကသိုလ်များ၏ကိုယ် ပိုင်အုပ်ချုပ်ခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေ ခံသော ရာထူးတိုးမြှင့်မှုများ ဖြစ်ပေါ်စေရေး အမြန်ဆုံးဆောင်ရွက်ပေးရန် တက္ကသိုလ်ဆရာ ဆရာမအသင်းကတောင်းဆိုခဲ့သည်။















