အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်၊ နယ်စပ်စောင့်ကြပ်မှု ပိုမိုတင်းကြပ်နေ တရုတ်နိုင်ငံအနောက်တောင်ဒေသ ယူနန်ပြည်နယ်တွင် တတိယအကြိမ်ဖြစ်ပွားမှုတွေ့ရှိရပြီးနောက် အာဖရိကန်ဝက်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်သူ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများမှ ကျန်းမာရေးအာဏာပိုင်များက နယ်စပ်စောင့် ကြပ်မှု ပိုမိုတင်းကြပ်နေကြောင်း သိရသည်။
လျင်မြန်စွာပျံ့နှံ့သည့်ထိုဗိုင်းရပ်စ်ကို လွန်ခဲ့ သည့်အပတ်က မြန်မာ၊ လာအိုနှင့် ထိုင်းနယ်စပ်မှ ၁၂၄ မိုင်အကွာ ဂွမ်ဖန်းရွာတွင် စစ် ဆေးတွေ့ရှိခဲ့သည်။ နိုင်ငံအချို့မှတာဝန်ရှိသူများက တရုတ်နှင့်နယ်စပ်တွင် လူ၊ တိရစ္ဆာန်၊ ကုန်စည်ကူးသန်းမှုကို ထိန်းချုပ်စိစစ်နေကြောင်း ဗန်ကောက်အခြေစိုက် WOAH မှ ဒုဌာနေကိုယ်စားလှယ် လော်ရယ်ဝီဘာဗင်ဇယ်က ဆိုသည်။
အဆိုပါဗိုင်းရပ်စ်မှာ တရုတ် တွင် အလျင်အမြန်ပျံ့နှံ့နေကြောင်း၊ ဝက်နှင့်ဆက်စပ်ပစ္စည်း သယ်ယူရွှေ့ပြောင်းမှုထိန်းချုပ် ရန်ခက်ခဲနေကြောင်း ဗန်ကောက်အခြေစိုက်WOAH မှ ဒုဌာနေကိုယ်စားလှယ် လော် ရယ်ဝီဘာဗင်ဇယ်က ဆိုသည်။ ကူးစက်ခံဝက်နှင့်ဆက်စပ်ပစ္စည်းသယ်ယူရွှေ့ပြောင်းမှု ထိန်းချုပ်ရန်ခက်ခဲနေကြောင်း အဆိုပါကူးစက်ခံပစ္စည်းများက ရောဂါကူးစက်ပျံ့နှံ့ရေး အတွက်အရေးကြီးပြီး လျှော့မတွက်သင့်ကြောင်း ယူနန်တွင်ဖြစ်ပွားမှုသည် နယ်စပ်နှင့် နီးသဖြင့် နိုင်ငံတကာသို့မပျံ့နှံ့ရေးအတွက် အရေးကြီးကြောင်း ဗန်ကောက်အခြေစိုက်WOAHမှ ဒုဌာနေကိုယ်စားလှယ် လော်ရယ်ဝီဘာဗင်ဇယ်က ဆိုသည်။
ထိုင်းဝက်မွေးမြူ ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ စူရာချိုင်းဆူသီသန်ကပြောရာတွင် နောက်ဆုံးဖြစ်ပွားမှုက နိုင်ငံ၏ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံတန်ဖိုးရှိလုပ်ငန်းကြီးအား ခြိမ်းခြောက်နေကြောင်း၊ မိမိအတွေ့ အကြုံအရ ၁၇ နှစ်အတွင်းတွင် စိုးရိမ်စရာအကောင်းဆုံဖြစ်ကြောင်းဆိုသည်။

















