လက်ဝှေ့နေးရှင်းဖိုက် မြန်မာနှင့် ထိုင်းအထူးစိန်ခေါ်ထိုးသတ်ပွဲ ကျင်းပမည်

လက်ဝှေ့နေးရှင်းဖိုက် မြန်မာနှင့် ထိုင်းအထူးစိန်ခေါ်ထိုးသတ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး Lethwei Nation Modern Myanmar Synergy နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့်လက်ဝှေ့နေးရှင်းဖိုက် မြန်မာနှင့်ထိုင်း အထူးစိန်ခေါ်ထိုးသတ်ပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အဓိကခေါင်ပွဲဖြစ်သော မြန်မာနှင့်ထိုင်းအထူးစိန်ခေါ်ပွဲများအဖြစ် စိုးလင်းဦးနှင့် ဖစ်(ခ)ဆမ်ခွန်၊ စောဆဝါးနှင့် ရပ်ချပ်စီ၊ စောမူထော်ဂေးနှင့် မွန်ထောင်တို့ ထိုးသတ် ကြမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ရွှေတံဆိပ်ဆုရှင်များဖြစ်သည့် တောက်ရှားနှင့် ကောင်းပြည့်ကျော်တို့လည်း ထိုးသတ်မည်ဖြစ်သည်။

အခြားပြည်တွင်းတွဲဆိုင်းများအဖြစ် မြတ်မင်းနှင့် ထွန်းလင်းအောင်၊ ကနောင်သွေးနှင့် နိုင်ဝမ်း၊ ကမ္ဘာရှားနှင့် ဓူဝံကြယ်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့နောက် မျိုးဆက်သစ်သုံးချီတွဲဆိုင်းများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သွေးသစ်နှင့်လျှမ်းတောက်၊ ကြယ်တံခွန်နှင့် သန့်ဇင်ထွန်း၊ ထွန်းအောင်ကိုနှင့် ရွှေချော၊ ထက်နိုင်အောင်နှင့်မိုးလွင်ဦး၊ ဒေါင်းသတ္တိနှင့် ဝေယံမိုးမြင့်၊ ကျော်မင်းနှင့် ဇင်မိုးဟိန်း၊ အလင်းတန်းနှင့် ဗညား၊ ချောညိုနှင့် စောချစ်သဲတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး