ယာဉ်ကြမ်းခင်းတွင် အံဝှက်ပြုလုပ်ပြီး တရားမဝင် သယ်လာသည့် ကျောက်စိမ်းများ ဖမ်းမိ

ယာဉ်ကြမ်းခင်းတွင် အံဝှက်ပြုလုပ်ပြီး တရားမဝင် သယ်လာသည့် ကျောက်စိမ်းများ ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ် ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းရှိ ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် ကျောက်စိမ်းဟုယူဆရသည့် အပိုင်းအစ ၊ ဖြတ်စဆိုဒ်စုံ ၅၅၁ ကီလိုဂရမ်နှင့် ပစ္စည်းသယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနက နိုဝင်ဘာ ၁၀ ရက်၌ သတင်းထုတ်ပြန်သည်။ 

လားရှိုး - မူဆယ်လမ်းမပေါ်ရှိ ရေပူ အမြဲတမ်းစစ်ဆေးရေး စခန်း ပူးပေါင်းအဖွဲ့က Toyota Porte ယာဉ်တစ်စီးအား နိုဝင်ဘာ ၉ ရက်တွင် ရှာဖွေခဲ့သည်။ 

ယာဉ်၏ အောက်ကြမ်းခင်း တွင် အံ့ဝှက်ပြုလုပ်သယ်ဆောင်လာသည့် အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံး ဖြတ်စများကို စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၀ဝ ကျော်ခန့်ရှိသည်။ တရားမဝင် ကုန်စည်များကို တားဆီးထိန်းချုပ်ရေး အတွက် ရှမ်းပြည်နယ်တွင် ရေပူနှင့် မွန်ပြည်နယ်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများကို ၂၀၁၇ ခုနှစ် မတ် ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး