မြဝတီမြို့တွင် ငွေလဲလည်စဉ် ကျပ် ၁၄၀ဝ၀ဝ ကျော်ကို လိမ်လည်ရယူခဲ့သည်ဆိုသူ အမျိုးသမီးကို နိုဝင်ဘာ ၁ဝ ရက် (ယနေ့)တွင် ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ယနေ့နံနက် ၈နာနရီ အချိန်တွင် ဝေါမြို့နယ်နေ အမျိုးသမီးသည် မြဝတီမြို့သို့ အလုပ်ကိစ္စဖြင့် လာရောက်စဉ် ထိုင်းဘက်ကမ်း တံတားကြီးအရောက်၌ ယာဉ်မောင်းတစ်ဦးနှင့် တွေ့ကာ ထိုင်းဘတ်နှင့် မြန်မာငွေလဲရန် အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။
အဆိုပါယာဉ်မောင်းက ခေါ်ဆောင်သဖြင့် မြဝတီမြို့ အမှတ် ၃ရပ်ကွက် နေ ဒေါ်လှလှနွယ်၏နေအိမ်သို့ရောက်ရှိကာ ထိုင်းဘတ်ငွေ ၈၂ဝဝ ကို မြန်မာငွေ ၃၉ဝဝဝဝ ကျပ်ဖြင့် လဲလှယ်ပြီး ပြန်လာခဲ့ပြီးနောက် မြဝတီချစ်ကြည်ရေးတံတားသို့ရောက်စဉ် ငွေများကို စစ်ဆေးရာကျပ် ၁၄ဝဝဝဝ လျော့နေသည့်ကိုတွေ့သဖြင့် အလိမ်ခံရမှန်းသိရှိကာ မြဝတီရဲစခန်းသို့သွားရောက် အကူအညီတောင်းခဲ့သည်။
မြဝတီရဲစခန်းမှ တာဝန်ရှိသူများနှင့် အမှတ် ၃ ရပ်ကွက်မှတာဝန်ရှိသူများ ပူးပေါင်း၍ တိုင်တန်းသူ အမျိုးသမီးနှင့်အတူ ဒေါ်လှလှနွယ်၏ နေအိမ်သို့ သွားရောက်စစ် ဆေးခဲ့ရာ ကျပ် ၁၄ဝဝဝဝ လိမ် လည်မှုပေါ်ပေါက်ခဲ့သည်။
မြဝတီရဲစခန်းက(ပ)၈၉၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















