မြဝတီမြို့တွင် အဌမတန်းကျောင်းသူတစ်ဦး ကျောင်းတက်ရန် သွားစဉ် တစ်ရွာတည်းနေထိုင်သူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို နိုဝင်ဘာ ၆ ရက်တွင် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၇နာရီခွဲအချိန်ခန့်တွင် မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင် ကျေးရွာနေ အသက် ၁၆နှစ်အရွယ်ရှိ အဌမတန်းကျောင်းသူ မိန်းကလေးသည် ၎င်းတက်ရောက်ပညာသင်ကြားနေသည့် အခြေခံပညာအထက် တန်းကျောင်းသို့ သွားစဉ် လမ်းတွင် တစ်ရွာတည်းနေသူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်ဖြစ်သူထံ ပြန်လည်ပြောပြခဲ့သည်ဆိုကာ မိခင်ဖြစ်သူက သက်ဆိုင်ရာသို့ လာရောက်တိုင်ကြားသဖြင့် မြဝတီမြို့မ ရဲစခန်းက အမှုဖွင့် စုံစမ်းခဲ့သည်။
စုံစမ်းချက်အ၇ အဓမ္မပြုကျင့်သူမှာ ကိုကိုလေး(ခ) ဖြူတုံး(၂၇နှစ်) ဖြစ်ကြောင်း သိရပြီး ၎င်းကို အဆိုပါနေ့ ည ၇နာရီ ၄၅မိနစ်အချိနတွင် ဖမ်းဆီးခဲ့ပြီး မြဝတီမြို့မရဲစခန်းက (ပ) ၈၉၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ဆက်လက်စစ်ဆေးလျက်ရှိသည်။

















