မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်ဆိုင်ကယ်စီးလာသူထံမှ ပိုက်ဆံအိတ်လုယူသူကို သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့်ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့မှု နိုဝင်ဘာ ၉ ရက်တွင် ဖြစ်ပွားခဲ့သည်။
အဆု်ိပါနေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်နေ အမျိုးသမီးသည် နေအိမ်မှ ဆိုင်ကယ်ကို စီးထွက်လာစဉ် လမ်း၃ဝနှင့် ၅၁လမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် ခင်ပွန်းဖြစ်သူကို တွေ့သဖြင့် ဆိုင်ကယ်ကို ရပ်တန့်ကာ ခင်ပွန်းနှင့်စကား ပြောဆိုခဲ့သည်။
ထို့နောက်ဆိုင်ကယ်ထွက်ရန်ပြုလုပ်စဉ် အမျိုးသားတစ်ဦး ၄င်းအနီးသို့ရောက်ရှိလာပြီး ပခုံးတွင်လွယ်ထားသော ပိုက်ဆံအိတ်အား ဆွဲယူကာ လက်သီးဖြင့်ထိုး ရန်ပြုလုပ်စဉ် ဆိုင်ကယ်မှာလဲကျသွားခဲ့သည်။
ထိုစဉ် အမှတ် ၃ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျုးလွန်သူ ပုသိမ်ကြီးမြို့နယ်နေအောင်မျိုးသန့် အသက်(၃၂)နှစ် ကို ဖမ်းဆီးရမိခဲ့သည်။
အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၇၅၉/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၂ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

















