သီပေါမြို့နယ် ကောက်ဟိုင်ရွာကို သတင်​းအရ ရဲဲတပ်​ဖွဲ့ဝင်​​ရောက်​စီးနင်​း

သီပေါမြို့နယ် ကောက်ဟိုင်ရွာကို သတင်​းအရ ရဲဲတပ်​ဖွဲ့ဝင်​​ရောက်​စီးနင်​း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပန်မိတ်ကျေးရွာအုပ်စု၊ ကောက်ဟိုင်ရွာ(ဒေသအခေါ် ကွန်ဟိုင်းကျေးရွာ) ကို နိုဝင်ဘာ ၉ရက် နံနက်​၅ နာရီ အချိန်​ခန်​့တွင်​ မူးယစ်သတင်းအရ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည်​့ တပ်ဖွဲ့ဝင်​အင်​အား ၆၆ ဦးက ရုတ်တရက်ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်​။

အဆိုပါ​ကျေးရွာနေ အောင်ကျော်မြင့်နှင်​့ ဇနီး နန်းဖော်တို့၏ နေအိမ်အိပ်ခန်​းအတွင်​းမှ ​ထုပ်ပိုးထားသည်​့ ဘိန်းဖြူ ၆၀ ဒသမ ၂ ဂရမ်နှင့် စိတ်ကြွဆေးပြား ၅၈၂၃၅ ပြား ၊ ရွှေဘီးကုတ် ၁၅ ပဲရည် ၁၂ ပဲသား ခန့်တစ်ခု၊ ကြေးပါကလစ်ဆံညှပ် ၁၅ ပဲရည် ၂ ပဲသား ၅ ရွေးခန့် ၁ ခု၊ ငွေကျပ် ၁၂၈၄၀၀ ကျပ် တို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်​။

အလားတူ အိုက်ထွန်း၏  နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၅၀ ပြား၊ ဘိန်းဖြူ သုည ဒသမ ၆၇၈ ဂရမ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ငွေကျပ် ၉၉၂၀၀၀၀ နှင်​့ တူမီးသေနတ် ပြောင်းရှည်တစ်လက်​ကို ဆက်​လက်​သိမ်​းဆည်​းခဲ့သည်​။

ထိုနည်​းတူ ဒေါ်နိုင်းအိမ် နှင်​့ ၎င်း၏ သားဖြစ်သူ စိုင်းကျော်ထွန်း ၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၈၃၀၅ပြား၊ ၁ကျပ်သားရွှေဆွဲကြိုးတစ်ကုံး၊ ၄ ပဲသား ရွေဆွဲကြိုးတစ်ကုံး ၊ ၁၁ ပဲသား ရွှေလက်ကောက် ၃ ကွင်း၊ ၁၂ ပဲသားရွှေဆွဲကြိုး တစ်ကုံး၊ ၈ ပဲသားလက်စွပ်တစ်ကွင်း၊ ၂ ပဲသား လက်စွပ်တစ်ကွင်း၊ ၁ ပဲသားလက်စွပ်တစ်ကွင်း၊ ၁ ပဲသားနားကပ် တစ်စုံ၊ ၁ပဲ ၄ရွေးခန့်ရှိ လက်စွပ်တစ်ကွင်း၊ ငွေကျပ် ၁၅ သိန်း တို့ကို ဆက်​လက်​သိမ်​းဆည်​းခဲ့​သည်​။

၎င်း ​နေအိမ်​ ၃ အိမ်အတွင်းမှ  ဘိန်​းဖြူနှင်​့ စိတ်​ကြွ​ဆေးပြား (စုစု​ပေါင်​းတန်​ဖိုး ကျပ်သိန်း ၁၃၀၀ ကျော်)၊ ငွေကျပ် ၁၁၅ သိန်း နှင်​့ ​ရွေထည်ပစ္စည်းများကို သိမ်​းဆည်​းရမိခဲ့သည်​။

အဆိုပါမူးယစ်​​ဆေးများကို ကွန်ဟိုင်းရွာ နှင်​့ ​ကျေးသီး/မိုင်းကိုင် ​ကျေးရွာ အနီးတို့မှဝယ်​ယူခဲ့​ကြောင်​း​စစ်ဆေးပေါ်ပေါက်​ခဲ့သည်​။

သီပေါရဲစခန်းက မယ(ပ)၃၆/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရလည်​း​ကောင်​း ၊မယ(ပ)၃၆/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရလည်​း​ကောင်​း၊  မယ(ပ)၃၅/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)၊ ရှမ်းလက်နက်-၁၂(က) အရလည်​း​ကောင်​း၊ မယ(ပ)၃၄/၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)၂၁ အရလည်​း​ကောင်​း အသီးသီးအမှုဖွင့်အ​ရေးယူထားသည်​။