ရန်ကုန်တွင် သွေးလိုသည့်လူနာများ စိတ်ချစွာသွေးသွင်းနိုင်ရန် ပြုလုပ်ထားဟုဆို

ရန်ကုန်တွင် သွေးလိုသည့်လူနာများ စိတ်ချစွာသွေးသွင်းနိုင်ရန် ပြုလုပ်ထားဟုဆို

ရန်ကုန်တိုင်းဒေသကြီးတွင် သွေးအလှူရှင်များအတွက် လုံခြုံစိတ်ချရပြီး သွေးလိုအပ်သည့် လူနာများအတွက်လည်း စိတ်ချစွာ သွေးသွင်းနိုင်ပြီဖြစ်ကြောင်း အမျိုးသားသွေးဌာနမှ ဒေါက်တာ သီတာအောင်က နိုဝင်ဘာ ၁၀ ရက်၌ ပြောသည်။

ရန်ကုန်မြို့သွေးလှူဌာနတွင် အသုံးပြုလျက်ရှိသော Blood Management System ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက်က အမျိုးသားသွေးလှူဌာနတွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ 
" သွေးလှူတဲ့သူတွေရဲ့ နာမည် ၊ သွေးအမျိုးအစားတွေကိ်ု ဆော့ဖ်ဝဲထဲမှာပဲ သိမ်းထားပြီးသား ဖြစ်သွားပါပြီ ။ ဆော့ဖ်ဝဲထဲမှာက သွေးလှူတဲ့လူက ဘာရောဂါရှိတယ်ဆိုတာတွေကို ချက်ချင်းပြသွားမှာပါ ။ ဒါကြောင့်လူနာတွေအတွက် စိတ်ချစွာ သွေးသွင်းနိုင်ပါပြီ ။ သွေးလိုအပ်နေရင်လည်း သွေးအမျိုးအစားကို မပြောဘဲနဲ့ ဆော့ဖ်ဝဲထဲကနေပြီး တစ်ခါတည်း ရှာပြီးပေးလိုက်မှာဖြစ်ပါတယ် ။ လူနာတွေကိုဓာတ်ခွဲစစ်ဆေးခြင်းတွေ ထောက်ပံ့တာမဟုတ်ဘဲနဲ့ ကုသမဲ့ပစ္စည်းကို ပြင်ဆင်ပြီးထောက်ပံ့ရတာပါ'' ဟု ၎င်းကပြော သည်။ အမျိုးသား သွေးလှူဌာနတွင် အရေးပေါ်လူနာများအတွက် သွေးလို အပ်ပါက သွေးလှူရှင်များနှင့် ချိတ်ဆက်ပေးရန် အဆင်သင့်ပြုလုပ်ထား ပြီးဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ 
" သွေးလိုအပ်မှုကို ၁၀ဝ ရာခိုင်နှုန်းရနေပါပြီ။ အစ်မတို့ဆီကို လာခဲ့ပါ ။ အမျိုးသားသွေးလှူဌာနကိုလာပါ ထုတ်ပေးပါမယ် ။ အရေးပေါ်လူနာဆိုရင် အမျိုးသားတွေပဲဖြစ်ရမှာပါ ။ အစ်မတို့ ဘက်က နေပြီး လမ်းမတော် ၊ လာသာတစ်ဝိုက်က သွေးလှူရှင်ရဲ့ နာမည်ရယ် ၊ ဖုန်းနံပါတ်ရယ် ချက်ချင်းထုတ်ပေးမှာပါ " ဟု ၎င်းက ပြောသည်။ 
ယင်းဆော့ဖ်ဝဲကို ရန်ကုန်မြို့ရှိ ဆေးရုံ ရှစ်ရုံတွင်ဖြန့်ပြီးသွားပြီဖြစ်ကာ ယင်းရှစ်ရုံပြီးသွားပါက တိုင်းနှင့်ပြည်နယ်များတွင် ၃၇ ရုံကို ထပ်ပြီးတိုးမြှင့်သွားမည်ဖြစ်သည်။ 
အမျိုးသားသွေးလှူဌာန၌ တစ်လလျှင် ဆေးရုံများတွင် ပုလင်းပေါင်းတစ်သောင်းကျော်ခန့် အသုံးပြုနေရပြီး တစ်ရက်လျှင် သွေးပုလင်းပေါင်း ၃၀ဝ ကျော်ခန့်လိုအပ်နေသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး