ကရင်ပြည်နယ်နေ့ပွဲတော်အတွင်း ခါးပိုက်နှိုက်မသင်္ကာဖွယ်တွေ့ရသူ လေးဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာမှ လက်ကိုင်ဖုန်းနှင့်ငွေများ နှိုက်ယူမှု ပေါ်ပေါက်ခဲ့ကြောင်း နိုဝင်ဘာ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၉ ရက်ည ၁၀ နာရီခန့်ကဘားအံမြို့ သီရိကွင်းတွင် ကျင်းပနေသည့် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အတွင်း ခါးပိုက်နှိုက် မသင်္ကာဖွယ်တွေ့ရသူ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်နေသူ မစန်းနုအောင်၏ လက်ကိုင်ပိုက်ဆံအိတ်အတွင်း အခြားလာရောက် လည်ပတ်သူများထံမှ နှိုက်ယူထားသည့် လက်ကိုင်ဖုန်း လေးလုံးနှင့် မှတ်ပုံတင်နှစ်ခု၊ အငယ်လေး(ခ)မီးမီး၏ လက်ကိုင်ပိုက်ဆံအိတ်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေလေးသောင်းကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ၄င်းတို့ နှစ်ဦးနှင့်အတူ လာရောက်လည်ပတ်သူများဖြစ်ကြသော ဘိုကီး(ခ)ကျော်မင်းထွန်း နှင့် ဇော်လတ်(ခ) ဇော်နိုင်တို့ နှစ်ဦးထံမှ ပွဲတော်အတွင်းနှိုက်ယူထားသည့် လက်ကိုင်ဖုန်း(၆)လုံးတို့ ကို ဆက်လက်သိမ်းဆည်းရမိခဲ့သည်။
ဘားအံမြို့မရဲစခန်းက ၄င်းတို့ လေးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အသီးသီး အမှုဖွင့်အရေးယူထားသည်။

















