မြန်မာနိုင်ငံပြည်တွင်း မြန်မာ - အိန္ဒိ နယ်စပ် အနီးဗဟိုပြု၍ အင်အားအသင့်အတင့်နှင့် အင်အားနည်း မြေငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
နိုဝင်ဘာ (၁၀) ရက် ၂၃ နာရီ၊ ၄၅ မိနစ်၊ ၄၇ စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၆၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ-အိန္ဒိယ နယ်စပ်) မြောက်လတ္တီတွဒ် ၂၃ ဒသမ ၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၃၈ ဒီဂရီ၊ အနက် (၅၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။
အလားတူ နိုဝင်ဘာလ ၁၁ ရက် ၊ နံနက် ၈ နာရီ၊ ၄၉ မိနစ်၊ ၂၅ စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မြန်မာ-အိန္ဒိယနယ်စပ်) မြောက်လတ္တီတွဒ် ၂၄ ဒသမ ဝ၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၄၄ ဒီဂရီ၊ အနက် (၄၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ဝ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။















