ရေသန့်ဗူးခွံစက်ရုံအတွင်းမှ မီးခံသေတ္တာ ခိုးယူခံရ

ရေသန့်ဗူးခွံစက်ရုံအတွင်းမှ မီးခံသေတ္တာ ခိုးယူခံရ

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ရေသန့်ဗူးခွံစက်ရုံအတွင်းမှ ငွေများထည့်ထားသည့် မီးခံသေတ္တာ ခိုးယူသွားသူကို သက်ဆိုင်ရာက ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။ 

နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင်ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ ကရုဏာလမ်းရှိ ရေသန့်ဘူးခွံစက်ရုံပြူတင်း ပေါက် စတီးသံတိုင်၏ မူလီများပြုတ်ထွက်နေပြီး ရုံးခန်းအတွင်းရှိ ကျပ် ၁၅၄၉၀ဝ၀ ထည့်ထားသည့် ၁ ပေပတ်လည် မီးခံသေတ္တာမှာ ခိုးယူခံရကြောင်း ပိုင်ရှင်ဖြစ်သူ၏ တိုင်ကြားချက်အရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက (ပ)၁၉၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၈၀ အရ အမှုရေးဖွင့် စစ်ဆေးခဲ့သည်။
အဆိုပါခိုးယူခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အမှုဖြင့် မသင်္ကာသူ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ် ၂၂ ရပ်ကွက်နေ သန်းလင်းအောင်(ခ)အောင်ကို၃၀နှစ်ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။ ၄င်းမှာ လွန်ခဲ့သော တစ်လခန့်က စက်ရုံမှကော်စေ့များ ခိုးယူ ရောင်းချမှုဖြင့် အလုပ် ထုတ်ခံခဲ့ ရသူဖြစ်သည်။ 
ခိုးယူခံရမှုမတိုင်မီ စက်ရုံသို့ လာရောက်သွားခဲ့ကြောင်းသိရသဖြင့် နိုဝင်ဘာ ၆ ရက်နေ့တွင် အမှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာမှ ၄င်းခိုးယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။ အဆိုပါခိုးယူရရှိသောငွေများဖြင့်ဝယ်ယူခဲ့သောကျောပိုးအိတ်တစ်လုံး၊ Vivo Y-53 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်းတစ်လုံး၊သက်သေခံ မီးခံသေတ္တာတစ်လုံးနှင့် ငွေစက္ကူရောရာ (၄၆၁၀ဝ) ကျပ်တို့ကို ပြန်လည် သိမ်းဆည်းနိုင်ခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်