မောင်တောတွင် သစ်ပင်ချုံနွယ်များဖြင့် ဖုံးအုပ်ထားသည့် ပိုင်ရှင်မဲ့စီးကရက်တောင့်များ သိမ်းဆည်းရမိ

မောင်တောတွင် သစ်ပင်ချုံနွယ်များဖြင့် ဖုံးအုပ်ထားသည့် ပိုင်ရှင်မဲ့စီးကရက်တောင့်များ သိမ်းဆည်းရမိ

မောင်တောမြို့နယ် မင်္ဂလာညွှန့် ကျေးရွာအနောက်တောင်ဘက် လေးဖာလုံခန့်အကွာ၌ သစ်ပင်ချုံနွယ်များဖြင့် ဖုံးအုပ်ထားသည့် Man Sanနှင့် Marble တံဆိပ်ပါ စီးကရက်များကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၀ ရက်နေ့ တွင် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ နယ်မြေ ၂ ရှိမင်းခမောင်းကျေးရွာနှင့် မင်္ဂလာညွှန့်ကျေးရွာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် မင်္ဂလာညွှန့် ကျေးရွာအနောက်တောင်ဘက် လေးဖာလုံခန့်အကွာ၌ သစ်ပင်ချုံနွယ်များဖြင့်ဖုံးအုပ်ထားသည့် မသင်္ကာ ဖွယ်ရာစက္ကူပုံးများတွေ့ရှိရ၍စစ်ဆေးခဲ့သည်။ 
အဆိုပါ စက္ကူပုံးကြီး ၄၉ ပုံးအတွင်း Man San တံဆိပ်ပါ စီးကရက် ၄၂တောင့် (တစ်တောင့်လျှင် ၁၀ ဗူးပါ)၊ Marble တံဆိပ်ပါစီးကရက်စက္ကူပုံးအကြီး ၄၉ ပုံး(တစ်ပုံးလျှင် ၅၀ တောင့်ပါ)နှင့် ၁၇ တောင့်(တစ်တောင့်လျှင် ၁၀ဗူးပါ)စုစုပေါင်းတန်ဖိုး ၅,၉၉၇,၆၀ဝ ကျပ်ခန့်ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

အောင်ဇူနယ်မြေရဲစခန်းက(ပ)၁၂/၂၀၁၈၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ အရ အမှုဖွင့်အရေးယူခဲ့သည်။ အလားတူ နိုဝင်ဘာလ၆ရက် မွန်းလွဲ ၁နာရီခွဲတွင် မောင်တောမြို့နယ် တမန်းသားကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာကြား ပြူးမချောင်းအတွင်းရှိခြုံအတွင်းမှ Marble တံဆိပ်ပါ ဆေးလိပ် စက္ကူပုံး အကြီး၂၉ပုံးနှင့်အလွတ် ၂၅တောင့်စုစုပေါင်းတန်ဖိုး၃,၅၄၀,ဝ၀ဝကျပ်ခန့်ကို သက်ဆိုင်ရာက နယ်မြေရှင်းလင်းစဉ် ယခုကဲ့သို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သေးသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး