အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်သို့ ကမ္ဘောဒီးယားပို့ကုန် ၂၇ ရာခိုင်နှုန်းမြင့်တက်

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်သို့ ကမ္ဘောဒီးယားပို့ကုန် ၂၇ ရာခိုင်နှုန်းမြင့်တက်

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့် ယခုနှစ်ပထမကိုးလအတွင်း အမေရိကန်သို့ ကမ္ဘောဒီးယားပို့ကုန်မြင့်တက်ကာ ယမန်နှစ်ကာလတူထက် ၂၇ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆ ဘီလီယံဖိုးရှိလာကြောင်း အမေရိကန် စီးပွားကူးသန်းဌာနစာရင်းအင်းများက ဖော်ပြသည်။

အလားတူပင် အဆိုပါကာလအတွင်း အမေရိကန်က ကမ္ဘောဒီးယားသို့ ပို့ကုန်မြင့်တက်ကာ ယမန်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဒေါ်လာ ၃၂၂ သန်းဖိုးတင်ပို့ခဲ့သည်။

ကမ္ဘောဒီးယား ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးသိပ္ပံ (CICP)မှ သုတေသနအရာရှိချုပ် ဆိုသာရစ်ကပြောဆိုရာတွင် ကမ္ဘောဒီး ယားပို့ကုန်စွမ်းရည်နှင့် အမေရိကန်နှင့်ဆက်ဆံရေးကောင်းမွန်မှုကြောင့် ကမ္ဘောဒီးယား ပို့ကုန် အမည်သစ်များနှင့်အတူ အမေရိကန်ဈေးကွက်သို့ တင်ပို့နိုင်စွမ်း တိုးတက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။