ပြည်ပမှအဝယ်လိုက်၍ ချင်း(ဂျင်း)စိုက်တောင်သူများ ဈေးကောင်းရကြ

ပြည်ပမှအဝယ်လိုက်၍ ချင်း(ဂျင်း)စိုက်တောင်သူများ ဈေးကောင်းရကြ

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်း၊ ဟဲဟိုး၊ ဘော်နင်းဒေသများမှ ချင်းအဓိကစိုက် ပျိုးသည့် တောင်သူများအနေဖြင့် ယခုနှစ် ချင်းထွက်ရာသီ၌ အဝယ်လိုက်၍ ဈေးကောင်း ရရှိနေကြောင်း အောင်ပန်းမြို့ ကုန်စည်ဒိုင်အဖွဲ့ ဝင်မုံရွာပွဲရုံပိုင်ရှင် ဦးဝင်းနိုင်ထံမှ သိရသည်။

"ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်နေတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပြီ။ အခုအခြေအနေအရ ပြောရရင်ပိဿာချိန် ငါးသိန်းလောက်တော့ အဝယ်ရှိမယ်လို့ ခန့်မှန်းထားပါတယ်" ဟု ဦးဝင်းနိုင်က ပြောဆိုသည်။

ချင်းထွက်နှုန်း

ချင်းမှာ ယခုမှစတင်ထွက်ရှိခြင်းဖြစ်ပြီး ရင့်ရန်တစ်လခန့်လိုနေသေးကြောင်း၊ ပြည်တွင်း ဒေသဈေးကျပ် ၈၀ဝ ခန့်ရှိကာ ဘင်္ဂလားဒေ့ရှ်သို့ ပို့ဈေးကျပ် ၁၈၀ဝ ခန့်ရှိနေကြောင်းနှင့် ချင်း မြစ်မ (Mother Ginger) ထွက်ရှိမှု ပိဿာ ချိန်သိန်း ၁၀ဝ ကျော်ခန့်ရှိနေသဖြင့် မြစ်မ ဖယ်ပြီး သုံးလက်မချင်းတက် ငါးဆထွက်ရှိပါက ပိဿာချိန်သိန်း ၅၀ဝ ခန့်ထွက်ရှိမည်ဖြစ်သည့် အတွက် ထွက်အားကောင်းကာတစ်ဧကလျှင် ပုံမှန်မျိုးပိဿာ ၇၀ဝ ခန့် စိုက်ပျိုးပါကပိဿာ ချိန် ၃၅၀ဝ ခန့်အထိထွက်ရှိကြောင်း သိရသည်။

ယခုထွက်သည့် ချင်းမှာ လွန်ခဲ့သည့် မတ်လက စိုက်ပျိုးသောမျိုးများဖြစ်ပြီး ဇူလိုင် နှင့် သြဂုတ်လများတွင် မြစ်မဖော်ကာ ယင်းမြစ် မများကိုဖယ်ပြီး ချင်းတက်များရယူခြင်းဖြစ် သည်။

ပြည်ပမှ ဈေးကောင်းပေးဝယ်

ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသထွက်ချင်း များကို မန္တလေး၊ မုံရွာ၊ ရေဦးနှင့် ရွှေဘိုမြို့များသို့ နှစ်စဉ်ပိဿာချိန်သိန်း ၅၀ ခန့်ပို့ဆောင်ရပြီး ပြည်ပနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်မှ ဈေး ကောင်းပေးသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း၊ အိန္ဒိယမှ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့၌ များပြားစွာဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင်မူ ဝယ်ယူမှုနည်းပါးနေသေးကြောင်းနှင့် ချင်း စိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက် သည့်အတွက် စီးပွားရေးအဆင်ပြေလာနိုင် ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး