အမေရိကန်ရေတပ် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂန်မှ တိုက်လေယာဉ်တစ်စင်း ဖိလစ်ပိုင်အရှေ့မြောက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့ပြီး တစ်လအတွင်း ဒုတိယမြောက်အဖြစ် လေယာဉ်ပျက်ကျခြင်းဖြစ်သည်။
ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း နိုဝင်ဘာ ၁၂ ရက်က ပုံမှန်လေ့ကျင့်ပျံသန်းစဉ် အက်ဖ်/အေ-၁၈ အောနစ် လေယာဉ်သည် စက်ပိုင်းချို့ယွင်းခဲ့မှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရေတပ်မတော် အမှတ်-၇ တပ်ဖွဲ့က ထုတ်ပြန်ပြောကြားသည်။
လေယာဉ်မှူးနှစ်ဦးကို ကယ်ဆယ်ရေးရဟတ်ယာဉ်ဖြင့် ရေထဲမှ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့သည်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
အောက်တိုဘာ လလယ်ကလည်း ယူအက်စ်အက်စ် ရော်နယ်ရေဂန်မှ အမ်အိပ်ချ်-၆၀ ဆီးဟော့ လေယာဉ်သည် ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ကာ သင်္ဘောဝန်ထမ်း အနည်းငယ်ပါ အသေးစား ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

















