ပြည် - အောင်လံ ကားလမ်းဘေးခြုံပုတ်အတွင်း မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ခံခဲ့ရပြီး အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက နိုဝင်ဘာ ၁၁ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ နံနက် ၈ နာရီက ပြည်မြို့နယ်၊ နတ်တလင်းကျေးရွာအနီး ပြည်-အောင်လံကားလမ်းဘေးခြုံပုတ်ပေါ်၌ စောင်အနှီးဖြင့်ပတ်လျက် မွေးကင်းစယောကျာ်းလေးတစ်ဦး အသက်ရှင်လျက် စွန့်ပစ်ခံထားရကြောင်း သတင်းအရ အမှတ်(၃)ပြည်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါမွေးကင်းစကလေးငယ်၏နဖူးတွင် ချိုင့်ဝင်ညိုမဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိထားသည်ကိုတွေ့ ရှိရသဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသောကြောင့် စွန့်ပစ်သူများကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
အမှတ်(၃)ပြည်နယ်မြေရဲစခန်းက(ပ)၆၃၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၁၇ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။
















