နယ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးက ဇနီးကိုထိုးကြိတ်ခဲ့ရာမှ ဇနီးသေဆုံး

နယ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးက ဇနီးကိုထိုးကြိတ်ခဲ့ရာမှ ဇနီးသေဆုံး

မွန်ပြည်နယ် မုတ္တမရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးက ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်စဉ် ထိုးကြိတ်ခဲ့ရာမှ ဇနီးဖြစ်သူသေဆုံးခဲ့မှုကို နိုဝင်ဘာ ၁၁ ရက်တွင် အမှုဖွင့် အရေးယူထားသည်။ 

နိုဝင်ဘာလ ၁၀ ရက် ည ၇ နာရီကျော်တွင် မုတ္တမ မီးရထားဝင်းအတွင်း နေထိုင်သည့် မုတ္တမရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တပ်ကြပ်ကျော်ကျော်ထွန်းက ဇနီးဖြစ်သူ ဒေါ်မာမာဝင်း ၅၇ နှစ် နှင့်စကားများရန်ဖြစ်စဉ် ထိုးကြိတ်ကန်ကျောက်ခဲ့သည်။

ထိုသို့ပြုမူခဲ့ခြင်းကြောင့် နောက်စေ့ဖူးရောင်၊ ပါးစပ်သွေးထွက်၊ မျက်နှာဖူးရောင် ဒဏ်ရာများရရှိသွားခဲ့သောကြောင့် မုတ္တမတိုက်နယ်ဆေးရုံမှတစ်ဆင့်မော်လမြိုင်သို့ ပို့ဆောင်ကုသနေစဉ် နိုဝင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီခန့်တွင် ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။ 

မုတ္တမရဲစခန်းက မူလဖွင့်လှစ်ထားသည့် (ပ)၂၂၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ မှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ၃၀၂သို့ ပြောင်းလဲအမှုဖွင့်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် ထားသည်။