အလုံမြို့နယ် အနုကြမ်​းဆီးမှုဖြစ်​စဉ်​တွင်​ ဓားစာခံတစ်ဦးခေါ်ဆောင်သွားပြီး ရဲတပ်​ဖွဲ့က တရားခံ ၂ ဦးဖမ်​းမိထား

အလုံမြို့နယ် အနုကြမ်​းဆီးမှုဖြစ်​စဉ်​တွင်​ ဓားစာခံတစ်ဦးခေါ်ဆောင်သွားပြီး ရဲတပ်​ဖွဲ့က တရားခံ ၂ ဦးဖမ်​းမိထား

အလုံမြို့နယ် ၊ စောရန်ပုုိင် ၈ ရပ်ကွက်၊  ဗဟုုိအမျိုးသမီးဆေးရုုံရှေ့ ဗဟုုိလမ်း ခြံအမှတ် ၅၁( ခ )အား ယ​နေ့ည   ၇ နာရီ ခွဲ အချိန်​ခန်​့တွင်​လူတစ်​စုက အနုကြမ်းဝင်စီးမှု ဖြစ်​ပွားခဲ့ပြီး ဓားစာခံ အဖြစ်​ သူ​ဌေးဆိုသူကို ဖမ်​းဆီး​ခေါ်​ဆောင်​သွား​ကြောင်​း အလုံမြိုနယ်​ရဲတပ်​ဖွဲ့မှ သိရသည်​။

ည ၇ နာရီခွဲ အချိန်​ခန်​တွင်​ အဆိုပါခြံအတွင်​းမှ ယာဉ်​ ၂စီး အရှိန်​ဖြင်​့​မောင်းထွက်သွားခဲ့ပြီး အလုပ်​ရှင်​ဆိုသူအား ဖမ်​းဆီး​ခေါ်​ဆောင်​သွား​ကြောင်​း  ခြံအတွင်​းမှ အလုပ်​သမား များက ပတ်​ဝန်းကျင်​သို့ အကူညီ​တောင်​းခံခဲ့သည်​။

"အိမ်​ထဲကို ဝင်​လာတဲ့ လူအုပ်​စုနဲ့ ပါလာတဲ့ ၂ ​ယောက်​ အိမ်​ထဲမှာ ရဲ​တွေစစ်​​ဆေးတဲ့အချိန်​မှာဖမ်​းမိတယ်​ " ဟု အမျိုးသမီး​ဆေးရုံ အနီး​စျေး​ရောင်​းချသူ ကို ​အောင်​လွင်​က ​ပြောသည်​။

 အဆိုပါလူ အုပ်​စုမှာ ၁၀ ဦးခန်​့ရှိပြီး ​နေအိမ်​တွင်​းသို့ အနုကြမ်​းဝင်​​ရောက်​စီးနင်​းစဉ်​ အလုပ်​သမားများကို ရိုက်​နှက်​ခဲ့​ကြောင်​း ရပ်​ကွက်​​နေပြည်​သူများက​ပြောကြားသည်​။

 အဆိုပါဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ လက်​တ​လောစုံစမ်​းစစ်​​ဆေး​နေခြင်​းကြာင်​့ ​ပြောဆို၍ မရ​သေး​ကြောင်​း အလုံမြို့နယ်​ရဲစခန်​းမှ ရဲတပ်​ဖွဲ့ဝင်​တစ်​ဦးက​ပြောသည်​။

အနုကြမ်​းစီးခံရသည်​့​နေအိမ်​မှာ  ပဲလုုပ်ငန်း၊ အင်ဂျင်ဝုုိင်ဖြန့်ဖြူးရောင်းချသည့် လုုပ်ငန်း အပါအဝင် စီးပွားရေးများစွာလုုပ်ကိုုင်လျက်​ရှိ​ကြောင်​း ရပ်​ကွက်​​နေသူများက​ပြောကြားသည်​။