အမြန်လမ်းမကြီး အမှတ် ၃ လမ်းဆုံ တိုးဂိတ်အနီး ယာဉ်မီးလောင်မှုဖြစ်ပွား

အမြန်လမ်းမကြီး အမှတ် ၃ လမ်းဆုံ တိုးဂိတ်အနီး ယာဉ်မီးလောင်မှုဖြစ်ပွား

နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီး အမှတ် ၃ လမ်းဆုံ တိုးဂိတ်အနီးတွင် ယာဉ်တစ်စီးမီးလောင်မှု ယနေ့ နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည်။ 

ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် နေပြည်တော် - ရန်ကုန် လမ်းပိုင်း အမှတ်(၃) လမ်းဆုံ တိုးဂိတ်၌ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကို----(၄၀) နှစ် မောင်းနှင်သည့် 3F/---- ဟွန်ဒိုင်း ပစ်ကပ်အဖြူရောင်ယာဉ်သည် ဝါယာရှော့ခ်ဖြစ်ကာ အင်ဂျင်ခန်း မီးလောင်ခဲ့သည်။ 
အဆိုပါ မီးလောင်မှုကြောင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့အမှတ်(၃) စခန်း တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။