ကယ်လီဖိုးနီးယားတောမီး၌ အလောင်းများထပ်တွေ့

ကယ်လီဖိုးနီးယားတောမီး၌ အလောင်းများထပ်တွေ့

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့်တောမီးကြောင့် နိုဝင်ဘာ ၁၂ ရက်၌ အလောင်း ၁၃ လောင်းထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ၄၄ ဦးအထိ ရှိလာပြီဖြစ်ကာ ပြည်နယ်တစ်ဝန်း လူသုံးသိန်းကျော်ကို အိုးအိမ်စွန့်ခွာကြရန် ပြည်နယ်အာဏာပိုင်များက ညွန်ကြားထားရပြီဖြစ်သည်။

လော့စ်အိန်ဂျယ်လိစ်တောပိုင်းသည် အိုးအိမ်စွန့်ခွာရန် အများဆုံးဖိအားပေးခံရသည့်နေရာဖြစ်သည်။ ပြည်နယ်တောင်ပိုင်း၌  နိုဝင်ဘာ ၁၃ ရက်တွင် လေပြင်းများကြောင့် မီးပိုမိုတောက်လောင်လာမည်ကို စိုးရိမ်နေရသည်။
    ပြည်နယ်သမိုင်းတွင် အသေအပျောက်အများဆုံးဖြစ်သည့် တောမီးသည် စခန်းမြေမီး၊ ဝူလ်ဆေးမီးနှင့် တောင်ကုန်းမီးဟူ၍ အဓိကသုံးနေရာတွင် အကြီးအကျယ်လောင်ကျွမ်းနေခြင်းဖြစ်ပြီး အခြားအသေးစားမီးလောင်မှု တစ်ဒါဇင်ခန့်လည်း ရှိသည်။ 
ပြည်နယ်စခန်းမြေမီးတွင် လူ ၅၂၀ဝ၀ အိုးအိမ်စွန့်ခွာခဲ့ရပြီး ပြည်နယ်မြောက်ပိုင်းမှ ဧက ၁၁၇၀ဝ၀ ကျော် သက်ရောက်ခဲ့ကာ အဆောက်အအုံ ၇၀ဝ၀ ကျော် ပျက်စီးခဲ့ရသည်။

နိုဝင်ဘာ ၁၂ ရက်ညအထိ ယင်းနယ်မြေ ၃၀ ရာခိုင်နှုန်း ဆက်လက် လောင်ကျွမ်းခဲ့သည်။
    ဝူးလ်ဆေးမီးသည် ပြည်နယ်တောင်ပိုင်းတွင်ဖြစ်ပြီး အဆောက်အအုံ ၅၇၀ဝ၀ ခြိမ်းခြောက်ခံနေရကာ ဧက ၉၃၀ဝ၀ ကျော် လောင်ကျွမ်းခဲ့သည့် အပြင် အိမ် ၄၃၅ လုံး ပျက်စီးခဲ့ပြီးဖြစ်သည်။

၄င်းသည် နိုဝင်ဘာ ၁၂ ရက်၌ ဧရိယာ ၃၀ ရာခိုင်နှုန်း ဆက်လက်လောင်ကျွမ်းနေသည်။ တောင်ကုန်းမီးသည် ၄၅၃၁ ဧကကို သက်ရောက်နေကာ နေရာ ၈၅ ရာခိုင်နှုန်း ဆက်လက်လောင်ကျွမ်းနေသည်။

မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလည်းဖြစ်သည်။ 
    မီးကြောင့် ပျက်စီးမှုများတွင် မာလီဘူကမ်းခြေအနီးမှ နာမည်ကျော် အနုပညာရှင်တို့၏ အိမ်များစွာလည်း ပါဝင်ခဲ့သည်။ 
သမ္မတထရမ့်သည် မီးလောင်မှုကြီးမားခြင်းအတွက် ဒေသဆိုင်ရာသစ်တောစီမံမှုကို အပြစ်ဖို့ခဲ့သည်။သမ္မတထရမ့်သည် ဗဟိုအစိုးရက ပြည်နယ်သို့ ထောက်ပံ့နိုင်မည့် အဓိကသဘာဝဘေးဒဏ်ခံစားရကြောင်း ကြေညာမှုနှင့်ပတ်သက်၍ သဘောတူခဲ့ရသည်။