ဆိုင်ကလုန်းမုန်တိုင်း နိုဝင်ဘာ ၁၅ ရက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းခြေသို့ ဝင်ရောက်မည်ဟု ခန့်မှန်း

ဆိုင်ကလုန်းမုန်တိုင်း နိုဝင်ဘာ ၁၅ ရက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းခြေသို့ ဝင်ရောက်မည်ဟု ခန့်မှန်း

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း သည် အနောက်တောင်ယွန်းယွန်းဘက်ဆီသို့ ရွေ့လျားနေပြီး တဖြည်းဖြည်း အားလျော့ကျလာကာ အိန္ဒိယ နိုင်ငံအရှေ့ဘက်ကမ်းခြေရှိ Tamil Nadu ပြည်နယ်ကမ်းခြေကို နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောထားသည်။

ယင်းဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"၏အရှိန်ကြောင့် နောက် (၂၄)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။ 

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရှစ်ပေမှ (၁၀)ပေခန့် ရှိနိုင်သောကြောင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး