ဘိန်းဖြူ သိန်းကိုးရာကျော်ဖိုးကို သိုဝှက်သယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းမိ

ဘိန်းဖြူ သိန်းကိုးရာကျော်ဖိုးကို သိုဝှက်သယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းမိ

မိုးမောက်မြို့နယ်တွင် ဘိန်းဖြူ ကျပ် ၉၄၈ သိန်းဖိုးသိုဝှက်သယ်ဆောင်လာသူ နှစ်ဦးကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။ 

အဆိုပါနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ စိုင်းအိုက်အေးညွန့် ၄၈ နှစ်မောင်းနှင်ပြီး မနန်းဟွမ်အေး ၁၅ နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်တွင် ဘိန်းဖြူများ သိုဝှက်သယ်ဆောင်လာကြောင်း သတင်းအရ မူးယစ်ရဲတပ်ဖွဲ့စု(၁)နှင့်ပူးပေါင်းအဖွဲ့ဝင်များက ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် တားဆီးစစ်ဆေးခဲ့သည်။
အဆိုပါယာဉ်၏နောက်ဘက် ဘန်ဘာအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ ၁၂ ဂရမ်စီပါ ဘိန်းဖြူ ဆပ်ပြာခွက် ၇၉ ခွက်၊ အလေးချိန် ၉၄၈ ဂရမ် ကျပ် ၉၄၈ သိန်း နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
နမ့်ခမ်း မြို့နယ်၊ ကောင်းဝိန်ကျေးရွာနေ စိုင်းအိုက်အေးညွန့်နှင့် မနန်းဟွမ်အေးတို့ကို မိုးမောက်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။