ဖားကန့်မြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်ခတ်

ဖားကန့်မြို့အနီး ဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်ခတ်

ကချင်ပြည်နယ် ဖားကန့်မြို့အနီး ဗဟိုပြု၍ နိုဝင်ဘာ ၁၄ ရက် နံနက် ၄ နာရီကျော်က အင်အားအနည်းငယ်မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာ (၁၄) ရက် နံနက် ၄ နာရီ၊ (၅၅)မိနစ်၊ (၁၆)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖားကန့်မြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၆ ဒသမ ဝ၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၅၇ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး