ကလေးဝမြို့ ချင်းတွင်းဆိပ်ကမ်း၌ စီစီတီဗွီတပ်ဆင်အသုံးပြုပြီ

ကလေးဝမြို့ ချင်းတွင်းဆိပ်ကမ်း၌ စီစီတီဗွီတပ်ဆင်အသုံးပြုပြီ

ချင်းတွင်းမြစ်အထက်ပိုင်းတွင် ကုန်တင် ရေယာဉ်၊ ခရီးသည်ရေယာဉ်အဝင်အထွက် များပြားသည့် ကလေးဝမြို့ဆိပ်ကမ်းတွင် ခရီး သွားအများပြည်သူ အန္တရာယ်ကင်းရှင်းရေး၊ ဥပဒေနှင့်မလွတ်ကင်းသည့် တရားမဝင်ကုန် စည် သယ်ယူပို့ဆောင်မှု၊ မလိုလားအပ်သည့် ပြဿနာများအား ကြိုတင်ကာကွယ်နိုင်ရန် မှတ်တမ်းတင်စောင့်ကြည့်စီစီတီဗွီများ တပ် ဆင် အသုံးပြုထားပြီဖြစ်ကြောင်း ကလေးဝမြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီမှ တာဝန်ရှိ ဦးထွန်းအောင်က ပြော ဆိုသည်။

စောင့်ကြည့်တာဖြစ်

"အဓိကကတော့ မြစ်ကြောင်းသွားရေယာဉ် တွေကို စစ်ဆေးစောင့်ကြည့်တာဖြစ်ပါတယ်။ မြစ်ကြောင်းအတွင်း မလိုလားအပ်တဲ့ အန္တရာယ် တွေမဖြစ်အောင်၊ ကုန်ပို၊ လူပိုတင်ဆောင်မှု၊ ကာကွယ်ရေးပစ္စည်းတွေ ပြည့်စုံမှုရှိမရှိ၊ နောက် ဆုံးတရားမဝင်ဥပဒေနှင့် မလွတ်ကင်းတဲ့ပစ္စည်း တွေ သယ်ဆောင်မှုတွေ စောင့်ကြည့်ထိန်း သိမ်းနိုင်အောင် တပ်ဆင်တာဖြစ်ပါတယ်" ဟု ကလေးဝမြို့ ဆိပ်ကမ်းလုံခြုံရေးတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အထက်ချင်းတွင်းဒေသများဖြစ်သည့် ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးဒေသများနှင့်နာဂ တောင်တန်းဒေသများသည် ချင်းတွင်းမြစ် ကြောင်းခရီးကို အဓိက အသုံးပြုသွားလာကြ ရသည်ဖြစ်ရာ ချင်းတွင်းမြစ်အတွင်းရေယာဉ် များသည် နှစ်စဉ်ရေကြောင်း ပို့ဆောင်ရေးနှင့် ဒေသအလိုက်ရေကြောင်း တာဝန်ရှိတို့ အခါ အားလျော်စွာ ထုတ်ပြန်သတ်မှတ်ထားသည့် ရေကြောင်းသွားရေယာဉ်များ လိုက်နာရမည့် စည်းကမ်းတို့ကို လိုက်နာမှုအားနည်းသည့် အတွက် ရေယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားကာ အသက်ဆုံးရှုံးမှု၊ ပစ္စည်းဆုံးရှုံးမှု ဖြစ်ကြရ ကြောင်း ကလေးဝမြို့ မြို့မိမြို့ဖတစ်ဦးကပြော ဆိုသည်။

ချင်းတွင်းမြစ်ကြောင်းအတွင်း ခရီးသွား ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် စောင့် ကြည့်ကင်မရာစီစီတီဗွီများကို မြို့ကြီးများဖြစ် သော မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော် လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့ တွင် တပ်ဆင်အသုံးပြုထားကြောင်း သိရသည်။

လုံခြုံမှုရှိလာ

"အခုလိုစောင့်ကြည့်ကင်မရာတွေ တပ်ဆင် အသုံးပြုလာတဲ့အတွက် ချင်းတွင်းမြစ်ကြောင်း ခရီးသွားတွေအနေနဲ့ လုံခြုံမှုရှိလာပါတယ်၊ နောက်ပြီး မတော်တဆမှုတွေလည်း တစ်နှစ် ထက် တစ်နှစ်လျော့နည်းလာမှာ ဖြစ်ပါတယ်" ဟု မော်လိုက်ဒေသခံတစ်ဦးက ပြောဆိုသည်။ ချင်းတွင်းမြစ်တွင်သွားလာကြသည့် အမြန် ရေယာဉ်များ သတ်မှတ်စည်းကမ်းများလိုက် နာမှုအားနည်းသည့်အတွက် ၂၀၁၆ ခုနှစ်က အောင်စိုးမိုးအမြန်ရေယာဉ်တိမ်းမှောက်မှုတွင် ခရီးသည် ရာချီအသက်ဆုံးရှုံးခဲ့ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး