ဆိုင်ကယ်စီးသူကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား ကိုးထောင်ကျော် သိမ်းဆည်းရမိ

ဆိုင်ကယ်စီးသူကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား ကိုးထောင်ကျော် သိမ်းဆည်းရမိ

မြိတ်မြို့တွင် ဆိုင်ကယ်စီးနင်းသူကို မူးယစ်သတင်းအရ ဖမ်းဆီးစစ်ဆေးရာမှ စိတ်ကြွဆေးပြား ၉၅၀ဝ ကျော်သိမ်းဆည်းရမိခဲ့မှု နိုဝင်ဘာလ ၁၂ ရက်နေ့ကဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ည ၉ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာ၊ တရုတ်တန်းလမ်းပေါ်၌ မြိတ်မြို့၊ မြစ်မရပ်၊ အလယ်ကျွန်းနယ်မြေနေ မိုးဇော်ဦး ၃၃ နှစ်စီးနင်းလာသည့်မော်တော်ဆိုင်ကယ်ကို မူးယစ်သတင်းအရ သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးခဲ့သည်။ 
၎င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီယာဘက်အိတ်ကပ်အတွင်း ချိတ်ဆွဲထားသည့် ခါးချိတ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၅၀ ပြားကို သိမ်းဆည်းရမိခဲ့သည်။
 ၎င်းကို ဆက်လက် စစ်ဆေးရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀ဝ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၉၅၅၀ ပြား (ကျပ် ၄၇၇၅၀ဝ၀ သိန်းဖိုး)နှင့် ကျပ်၁၉၅၀ဝ၀ တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မအရ အမှုဖွင့်အရေးယူထားသည်။