ပဲခူးတိုင်းဒေသကြီး ပန်းတောင်း-တောင်ကုတ်ကားလမ်းပေါ်တွင် သိန်းခြောက်သောင်းကျော်ဖိုး စိတ်ကြွဆေးပြား သန်းနှင့်ချီသော အရေအတွက်ကို သက်ဆိုင်ရာက နိုဝင်ဘာလ၁၃ရက် တွင်ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်၊ ပြည်-တောင်ကုတ် ကားလမ်းမိုင်တိုင်(၃၇/၃-၄)ကြား ညောင်ကျိုးစစ်ဆေးရေးဂိတ်တွင် တောင်ကုတ်မြို့ သို့ မောင်းနှင်သည့် မြဝတီမြို့နေ ယာဉ်မောင်းဝင်းမောင်(ခ)အရှည်ကြီး(၃၃)နှစ်နှင့် ဝင်းမြင့်(၄၀)နှစ်တို့ လိုက်ပါလာသော Mitsubishi ယာဉ်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
အဆိုပါ ယာဉ်နောက်ခန်းကြမ်းခင်းများအတွင်း အံဝှက်ပြုလုပ်၍ပီနံအိတ် ခြောက်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၈၀ဝ၀ဝ၀ ပြားနှင့် စုစုပေါင်းသိန်း ၆၃,ဝ၀ဝ ဖိုးခန့် သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူ ပေးရန် တိုင်ကြားခဲ့သည်။
ဥသျှစ်ပင်နယ်မြေရဲစခန်းက မူးယစ် (ပ)၂/၁၈၊ မူးယစ်ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















