အုတ်/သဲ ဝယ်ယူရာ မရောင်းသည့်အတွက်​ ဆိုင်​ရှင်​တူအရီးကို တူဖြင်​့ထုရိုက်ကာ ​သေနတ်​ဖြင့် ပစ်ခတ်ထွက်​​ပြေးခဲ့သူကိုဖမ်းမိ

အုတ်/သဲ ဝယ်ယူရာ မရောင်းသည့်အတွက်​ ဆိုင်​ရှင်​တူအရီးကို တူဖြင်​့ထုရိုက်ကာ ​သေနတ်​ဖြင့် ပစ်ခတ်ထွက်​​ပြေးခဲ့သူကိုဖမ်းမိ

သီ​ပေါ မြို့တွင်​ အုတ်/သဲ ဝယ်ယူရာ မရောင်းသည့်အတွက်​ ဆိုင်​ရှင်​တူအရီးကို တူဖြင်​့ထုရိုက်ကာ ​သေနတ်​ဖြင်​့ ပစ်ခတ်ထွက်​​ပြေးခဲ့သူကို ရဲတပ်​ဖွဲ့က နိုဝင်​ဘာ ၁၃ ရက်​​တွင်​ ဖမ်​းဆီး​ဖော်​ထုတ်​ခဲ့သည်​။

အဆိုပါ​နေ့ မွန်းလွဲ ၁ နာရီ ခွဲ အချိန် ခန်​တွင်​သီပေါမြို့၊ စျေးရပ် ကွက်နေ တင်ကိုကို(ခ)အင်တူး ၅ဝနှစ်​ သည် ပန်းတိမ်မြောက်ရပ်ကွက်နေ အုတ်/သဲ ဝယ်​​ရေးလုပ်​ကိုင်​သူ  ဒေါ်ခင်ရွှေ၏ နေအိမ်သို့ ရောက်ရှိလာပြီးး အုတ်/သဲ ဝယ်ယူရာ မရောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ခင်ရွှေ ကို၉ လက်မခန့်ရှိ သံတူဖြင့် ရိုက်နှက်ခဲ့သည်​။

ထိုသို့ရိုက်​နှက်​သဖြင်​့ ဒေါ်ခင်ရွှေ၏တူ မောင်မောင်ကျော်ဝင်း(၃၄)နှစ်က သံတူကိုလုံးထွေးလုယူပြီး ပြန်လည်ရိုက်နှက်ခဲ့သည်​။

ထို့​နောက်​ တင်ကိုကို(ခ)အင်တူးက ခါးကြားရှိ ပစ္စတိုသေနတ်(စိစစ်ဆဲ)ဖြင့် ပြန်လည်ပစ်ခတ် ရာ ကျည်မထွက်၍ ထွက်ပြေးသွားခဲ့သည်​။

 ဒေါ်ခင်ရွှေ ၏ ဦးခေါင်း၊ ယာလက် ဖူးရောင်ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် မောင်မောင်ကျော်ဝင်းတွင် ဝဲနားဖူး၊ ယာလက်မောင်း၊ လက်ဖျံဖူးရောင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် သီပေါပြည်သူ့ဆေးရုံသို့ ပို့ကုသခဲ့ရ​သည်​။

အဆိုပါဖြစ်​စဉ်​နှင်​့ပတ်​သက်​၍  သီ​ပေါမြို့နယ်​ရဲတပ်​ဖွဲ့ဝင်​များက ည ၇ နာရီ ၂၀ မိနစ်အချိန်တွင်ကိုကို(ခ) အင်တူး ၅၀ နှစ်​ကို ၎င်းနေအိမ်​တွင်​ဖမ်​းဆီးခဲ့သည်။

အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည်​့  ​သေနတ်ကို သီပေါမြို့၊ အနောက်ရပ်ကွက်နေရှိ ဆိတ်မွေးမြူရေးခြံအတွင်း ဝှက်ထားခဲ့ကြောင်း ​ပြောပြသဖြင်​့ သက်ဆိုင်ရာက သွားရောက်ရှာဖွေခဲ့သည်​။

 အဆိုပါ ဆိတ်​ခြံအတွင်​း ပီနံအိတ်ဖြင့် ထည့်ထားသည့် ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၁၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၉ တောင့်၊ ပွိုင့် ၃၀ ကာဘိုင်ကျည် ၃၁ တောင့်၊ အမျိုးအစား-စိစစ်ဆဲကျည် ၁၆ တောင့်၊ ၉၁ လက်ပစ်ဗုံး ၂ လုံး(စနစ်တပါ)၊ တံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ ပစ္စတိုချိုင်းလွယ်အိတ် ၂ အိတ်နှင့် အရှည် ၁၃ ပေခန့်ရှိ နိုင်လွန်ကြိုး ၂ ချောင်း တို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုဖွင့်ကာ ဆက်​လက်​စစ်​​ဆေးလျက်​ရှိသည်​။