မဟာအောင်မြေမြို့နယ်တွင် အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ဓါးဖြင့်ထောက်ကာ ချစ်ခွင့်ပန်ခဲ့သည် ဆိုသူကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၅ ရက်၌ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်အရေးယူထားသည်။
ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃xသိပ္ပံလမ်းကြားတွင် လှိုင်မင်းအောင် ၂၀ နှစ် မှ အိုးဘိုရပ်ကွက်၊ အောင်မြေ သာစံမြို့နယ်နေသူ အမျိုးသမီးတစ်ဦးကို ချစ်ခွင့်ပန်ခဲ့သည်။
အမျိုးသမီးက ပြန်လည်ချစ်ကြိုက်ခြင်း မရှိသဖြင့် ဓားကိုင်ကာလည်ပင်းအားထောက်ပြီး အဖြေတောင်းနေစဉ် လှည့်ကင်းဆောင်ရွက်နေသည့် မဟာအောင်မြေ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။
၎င်းထံမှ အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် ဓားဦးချွန် ၁ ချောင်းကို သက်သေများရှေ့ တွင် သိမ်းဆည်းခဲ့ပြီး မဟာအောင်မြေမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















