နေအိမ်​မှထွက်​သွားသူ အမျိုးသားကို အမြန်​လမ်​း​ပေါ်၌ ယာဉ်​တိုက်​ခံရပြီး​သေဆုံးလျက်ပြန်တွေ့

နေအိမ်​မှထွက်​သွားသူ အမျိုးသားကို အမြန်​လမ်​း​ပေါ်၌ ယာဉ်​တိုက်​ခံရပြီး​သေဆုံးလျက်ပြန်တွေ့

​နေအိမ်​မှထွက်​သွားသူ အမျိုးသား အမြန်​လမ်​း​ပေါ်တွင်​ယာဉ်​တိုက်​ခံရပြီး​သေဆုံးခဲ့မှုကို သက်​ဆိုင်​ရာကနိုဝင်ဘာ ၁၅ ရက်တွင် အမှုဖွင်​့စုံစမ်​းလျက်​ရှိသည်​။

ယ​နေ့ နံနက် ရနာရီ ၁၅  မိနစ်အချိန်ခန်​့တွင်​ မန္တ​လေး- ​နေပြည်​​တော်​လမ်​းပု်​ိင်​း မိုင်တိုင် (၂၀၄/၄) အနီး၌ ဦးခေါင်း ကြေမွ ဒဏ်ရာများနှင့်  လူသေအလောင်း တွေရှိ​ကြောင်း သတင်​းအရ ပလွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ က သွား​ရောက်​စစ်​​ဆေးခဲ့သည်​။

သက်​ဆိုင်​ရာ၏  စုံစမ်း ဖော်ထုတ်ချက်​အရ သေဆုံးသူမှာ ဒက္ခိဏသီရိမြို့နယ် ဂွေးတောက်ရိုးရွာ​နေ ဦးကြည်ဝင်း ၅၈ နှစ် ဖြစ်​​ကြောင်​းသိရသည်​။

 ၄င်းမှာ နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီအချိန် ခန့်တွင်​ နေအိမ်မှထွက်သွားခဲ့ပြီး ယခုကဲ့သို့​သေဆုံးလျက်​​တွေ့ရခြင်​းဖြစ်​​ကြောင်​းသိရသည်​။

စစ်​​ဆေးချက်​အရ မန္တ​လေးဘက်မှ ရန်​ကုန်​ ဘက်သို့ မောင်းနှင်လာသည်​့ ကားနံပါတ်/အမျိုးအစား(စိစစ်ဆဲ)  ယာဉ် တစ်​စီးက တိုက်မိကာ မောင်းနှင်ထွက်ပြေးခြင်​းဖြစ်​​ကြောင်​း ရဲတပ်​ဖွဲ့က သုံးသပ်ထားသည်​။

ပြစ်​မှုကျုးလွန်​ပြီး​နောက်​ တိမ်​း​ရှောင်​​နေသူ ယာဉ်နှင့် ယာဉ်​​မောင်​းကို သက်​ဆိုင်​ရာက ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၄ -က အရ အမှုဖွင်​့စုံစမ်​းလျက်​ရှိသည်​။