အစ္စရေးအစိုးရက ဂါဇာဒေသ၌ ပါလက် စတိုင်းစစ်သွေးြွကဟားမတ်စ်အဖွဲ့နှင့် အပစ် အခတ်ရပ်စဲခဲ့ခြင်းကို ကန့်ကွက်သည့်အနေဖြင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အာဗစ်ဒေါလီ ဘာမန် (ယာပုံ) သည် ရာထူးမှနုတ်ထွက်လိုက် ကြောင်း ကြေညာခဲ့သည်။
နှစ်ရက်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး နောက်ရရှိခဲ့သည့် အပစ်ရပ်သဘောတူညီချက် သည် အကြမ်းဖက်ဝါဒအား အညံ့ခံမှုတစ်ရပ် အဖြစ်ပြောဆိုလျက် သဘောထားတင်းမာသူ များတွင်ပါဝင်သည့် လီဘာမန် ရာထူးမှနုတ် ထွက်သွားခြင်းဖြစ်သည်။ ဂါဇာကိုထိန်းချုပ် ထားသည့် ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးအစိုးရ တို့သည် အီဂျစ်ကြားဝင်စေ့စပ်မှုဖြင့် အပစ် အခတ်ရပ်စဲရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
ဟားမတ်စ်က တောင်းပန်
ဟားမတ်စ်တို့က တောင်းဆိုလာသည့် နောက် အပစ်အခတ်ရပ်စဲရန် တောင်းပန်ခဲ့ ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေ တာယာဟုက ပြောဆိုခဲ့သည်။ နှစ်ရက်အတွင်း ဂါဇာဘက်မှ အစ္စရေးနယ်မြေထဲသို့ ဒုံးကျည်၊ လက်နက်ကြီးတို့ဖြင့် အချက် ၄၆၀ ခန့်ပစ်ခတ် ခဲ့ပြီး အစ္စရေးကလည်း ဂါဇာရှိ ပစ်မှတ် ၁၀ဝ ကျော်ကို လေကြောင်းမှ တုံ့ပြန်ခဲ့သည်။ နေတာ ယာဟု၏ ညွန့်ပေါင်းအစိုးရထဲတွင် လီဘာမင်း အပါအဝင် သဘောထားတင်းမာသူများက ဂါဇာရှိ ဟားမတ်စ်တို့ကို ပိုမို၍ပြင်းပြင်းထန် ထန်တိုက်ခိုက်ရန် လိုလားကြသည်။
လီဘာမန်နုတ်ထွက်မှုကြောင့် နိုင်ငံရေး အရလည်း အစ္စရေးရွေးကောက်ပွဲ စောစီးစွာ ကျင်းပရန် ဖိအားဖြစ်စေခဲ့သည်။
အကြမ်းဖက်မှုသံသရာ
အရှေ့အလယ်ပိုင်းဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နီကိုလေမလာဒီနော့ဗ်က ပဋိပက္ခတွင်ပါဝင်သူအားလုံး ထိန်းသိမ်းကြရန် နှင့် အကြမ်းဖက်မှုသံသရာမလည်ရေး ကြိုး ပမ်းကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ မတ်လမှစ၍ အစ္စရေးနှင့် ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

















