သီရိလင်္ကာ သမ္မတက ခန့်အပ်သော ဝန်ကြီးချုပ်သစ်ကို ပါလီမန်က ပယ်ချ

သီရိလင်္ကာ သမ္မတက ခန့်အပ်သော ဝန်ကြီးချုပ်သစ်ကို ပါလီမန်က ပယ်ချ

ကိုလံဘို  (သီရိလင်္ကာ) ” အောက်တိုဘာလ အတွင်းက သီရိလင်္ကာသမ္မတ မိုင်သီရီပါလာဆီရီဆီနာက အစိုးရအဖွဲ့ကို ဖျက်သိမ်း၍ လွှတ်တော်ကို ရပ်ဆိုင်းထား ပြီးနောက်ပိုင်း နိုဝင်ဘာ ၁၄ ရက်က ပထမအကြိမ်ကျင်းပသည့် ပါလီမန်အစည်း အဝေး၌ တက်ရောက်လာသည့် အမတ် များက မကြာမီက အဆောတလျင် ကျမ်း သစ္စာကျိန်ဆိုခဲ့သော ဝန်ကြီးချုပ် မဟိန္ဒြာ ရာဂျာပက်ဆာ ဦးဆောင်သည့် အစိုးရ အဖွဲ့ကို အယုံအကြည်မရှိကြောင်း မဲခွဲ ဆုံးဖြတ်ခဲ့သည်။

အတိုက်အခံပါတီက ဦးဆောင်ခဲ့သည့် အဆိုပါလှုပ်ရှားမှုက ရာဂျာပက်ဆာသည် သူ၏ရာထူးက နုတ်ထွက်ရမည်ဟု ဆိုလို ခြင်းဖြစ်သည်။ သမ္မတ ဆီရီဆီနာက အောက်တိုဘာ ၂၆ ရက်တွင် ရာထူးက ဖြုတ်ချ၍ ရာဂျာပက်ဆာနှင့် အစားထိုး ခဲ့သော ဝန်ကြီးချုပ် ရာနီး ဝတ်ကရီ မက်ဆင်ဟာကို ထောက်ခံသည့် ပါလီမန် အမတ်များက လွှတ်တော်တွင် ဦးရေ အများဆုံးဖြစ်နေသည်။ ၎င်းတို့အများစုက "ဒီမိုကရေစီ စနစ်အတွက် စာတန်းရေးထိုး ထားသော တဘက်များကို ပတ်ထားခဲ့ကြ သည်။ ပါလီမန် ဥက္ကဋ္ဌ ကာရူး ဇယျသူရိယ က အယုံအကြည်မရှိအဆို တင်သွင်း ဆွေးနွေးမှုကို ခွင့်ပြုခဲ့သည်။ ပါလီမန်အတွင်း ဝရုန်းသုန်းကားဖြစ်ခဲ့ပြီး ရာဂျာ ပက်ဆာကို ထောက်ခံသူများက ခန်းမ ပြင်ပသို့ထွက်ကာ နိုင်ငံရေးြွေကးကြော်သံ များြွေကးကြော်ခဲ့ပြီး ဇယျသူရိယသည် ပြည်သူလူထု၏ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို သစ္စာဖောက်သည်ဟု စွပ်စွဲခဲ့ကြသည်။ ဇယျသူရိယကမူ အချေအတင် ဆွေးနွေးပွဲနှင့် နှုတ်ဖြင့်မဲပေးခြင်းတို့ကို ခွင့်ပြုခြင်းကလွဲ၍ အခြားနည်းလမ်း မရှိကြောင်း ပြောကြားခဲ့သည်။

မဲရလဒ်မကြေညာမီ ရာဂျာပက်ဆာက ပါလီမန်အတွင်းမှ ထွက်ခွာသွားခဲ့ သည်။ လွန်ခဲ့သော ရက်သတ္တပတ်ကတည်း ကပင် ရာဂျာပက်ဆာသည် အယုံအကြည် မရှိအဆိုကို နိုင်မည်မဟုတ်ကြောင်း ရှင်းလင်းသိသာလာသဖြင့် သမ္မတ ဆီရီ ဆီနာက ပါလီမန်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နိုဝင်ဘာ ၁၃ ရက်၌ ဗဟိုတရားရုံးချုပ်က ဥပဒေပြုလွှတ်တော် ကို လာမည့် ဒီဇင်ဘာလအထိ လုပ်ငန်း များဆက်လက်ဆောင်ရွက်ရန် အမိန့်ထုတ် ခဲ့သည်။

ဝန်ကြီးချုပ် ဝတ်ကရီ မက်ဆင်ဟာကို ထောက်ခံသည့် ပါလီမန်အမတ် အဂျစ် အီရီယာက ပါလီမန် မဲရလဒ်က ရာနီးဝတ်ကရီ မက်ဆင်ဟာနှင့် သူ့အစိုးရအဖွဲ့ကို မူလရာထူး၌ ပြန်လည်ထမ်းဆောင်စေလိမ့်မည်ဟု ပြောကြားသည်။