အက်စ်ကီလွန် (အစ္စရေး) ” ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း အဖွဲ့ခွဲများက ပြောကြားရာတွင် ၎င်းတို့သည် အီဂျစ်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးသော အစ္စရေးနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၁၃ ရက်တွင် သဘောတူညီခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ဆန်းစစ် လေ့လာသူများကမူ ဂါဇာ၏ လုံခြုံရေးအခြေအနေမှာ အချိန်မရွေး ပျက်ယွင်းသွားနိုင်သည်ဟု ဆိုသည်။ ယခုတိုက်ပွဲမှာ ၂၀၁၄ ခုနှစ် နွေရာသီက ရက်ပေါင်း ၅၀ ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများပြီးနောက် အပြင်းထန်ဆုံးဖြစ်သည်။
နိုဝင်ဘာ ၁၃ ရက် နေဝင်ချိန်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး ကျေးရွာများသို့ ဒုံးကျည်များဖြင့်ပစ်ခတ်မှု ရပ်စဲသွားပြီး ပေါက်ကွဲသံများလည်း ငြိမ်သက်ခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို စိုးမိုးအုပ်ချုပ်ထားသော ဟားမာ့စ်စစ်သွေးကြွအုပ်စု၏ လက်နက်ကိုင် အဖွဲ့ခွဲအပါအဝင် လက်နက်ကိုင်အဖွဲ့ခွဲများ အားလုံး၏ ပူးတွဲစစ်ဆင် ရေးဌာနက ပြောကြားရာတွင် အပစ်အခတ်ရပ်စဲရေးတစ်ရပ် ရရှိပြီ ဖြစ်ပြီး "ဇီယွန်ဝါဒီ ရန်သူများက ကတိကဝတ်ကို လိုက်နာနေသမျှ" ဆက်လက်တည်မြဲနေမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် သူ၏လုံခြုံရေး ဆိုင်ရာ ဝန်ကြီးအဖွဲ့ဝင်များသည် ခြောက်နာရီကြာ စည်းဝေးပွဲ ကျင်းပပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတည်ပြု ပြောကြားခြင်းမရှိဘဲ အစ္စရေးစစ်တပ်ကို "လိုအပ်သည့်အခြေအနေတွင် စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း"ကိုသာ ပြောကြားခဲ့သည်။
အစ္စရေး သတင်းဌာနများကမူ အပစ်အခတ်ရပ်စဲရေး သဘောတူ ခဲ့ကြောင်း သတင်းများရေးသားခဲ့သည်။ ဆန်းစစ်လေ့လာသူများကမူ အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖက်စလုံးသည် နောက်ထပ် ပဋိပက္ခ တစ်ကျော့ပြန်ဖြစ်မည့် အရေးကို စိတ်ဝင်စားမှု မရှိကြကြောင်း၊ သို့ရာတွင် နှစ်ဖက်စလုံးသည် အင်အားပြသရန် ပြည်တွင်းဖိအား များနှင့် ရင်ဆိုင်နေကြရသည်ဆို၏။
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ဂါဇာအနီးရှိ အစ္စရေး ဒေသခံများနှင့် သူ၏ ညွန့်ပေါင်းအစိုးရအဖွဲ့ထဲမှ လက်ယာယိမ်း အဖွဲ့ဝင်များက သူဆောင်ရွက်နေသည့် နည်းလမ်းများကို ဝေဖန်ခဲ့ကြသည်။ ဟားမာ့စ်အဖွဲ့မှာလည်း ဂါဇာရှိ အခြား စစ်သွေးြွကအဖွဲ့များက ရန်သူနှင့် စေ့စပ်ဆွေးနွေးသည်ဟုဆိုကာ ဝေဖန်ခံခဲ့ရသည်။
နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးတစ်ရပ် ရရှိချိန်နီးခါမှ တိုက်ပွဲများပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ ပြန်လည်တိုက်ခိုက်မှုများမှာ နိုဝင်ဘာ ၁၁ ရက်က ဂါဇာရှိ အစ္စရေး စစ်ဆင်ရေးတွင် ဟားမာ့စ် တပ်မ·းတစ်ဦးအပါအဝင် ပါလက်စတိုင်းစစ်သွေးြွက ခုနစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အစ္စရေး အရာရှိတစ်ဦးကျဆုံးခဲ့သည်။ အစ္စရေး စစ်တပ်က ပြောကြားရာတွင် ဂါဇာဒေသမှ အစ္စရေးနိုင်ငံတွင်းသို့ ရော့ကက်ဒုံးကျည်ပေါင်း အစင်း ၄၆၀ ပစ်ခဲ့သည်ဟုဆိုသည်။ အစင်း ၁၀ဝ ကျော်ကို အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

















