ဂရိနိုင်ငံက အငြိမ်းစားဝန်ထမ်းများသည် ၎င်းတို့အား ထုတ်ပေးသည့် အငြိမ်းစားလစာငွေများ သိသိသာသာ လျှော့ချခံနေရသဖြင့် အငြိမ်းစားဝန်ထမ်းအချို့သည်ဥရောပရှိ အဆင်းရဲဆုံးနိုင်ငံများသို့ ရွှေ့ပြောင်းနေကြသည်။
အသက် ၇၅ နှစ်အရွယ်ရှိ ဂျော့ချ်သည် လွန်ခဲ့သောငါးနှစ်က သူ့ဇနီးကွယ်လွန်ပြီး နောက် ဂရိနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သော သက်စာလိုနီကီရှိ သူနေထိုင်သော တိုက်ခန်းကို အငှားထားပြီး ဘူလ်ဂေးရီးယား နိုင်ငံမြို့တော် ဆိုဖီယာသို့ ပြောင်းရွှေ့သွားခဲ့ သည်။ ထိုမြို့တွင် ၎င်း၏အငြိမ်းစားလစာ ယူရို ၈၀ဝ ဖြင့် ထည်ထည်ဝါဝါ နေထိုင် နိုင်ကြောင်း သူကပြောကြားလိုက်သည်။
ဂရိနိုင်ငံက အရာရှိများလိုက်လာမည်ကို စိုးရိမ်၍ မျိုးရိုးအမည်ကို ထိမ်ချန်ထားသော ဂျော့ချ်က ရှိသည့်ငွေဖြင့် ဂရိနိုင်ငံသို့ မကြာခဏ ပြန်နိုင်ပြီး ခရီးထွက်ရန် အခွင့်အရေးလည်းရှိကြောင်း ပြောသည်။
ဂရိနိုင်ငံသည် အခြား ဥရောပနိုင်ငံသား များ အငြိမ်းစားယူပြီးနောက် သွားရောက် နေထိုင်မည့် နေရာတစ်ခုဖြစ်သော်လည်း မိမိ နိုင်ငံသားများသည် ဂရိနိုင်ငံ၏ ြွေကးမြီ များဖြင့် ဘေးကျပ်နံကျပ်ဖြစ်သည့် ကာလတွင် အငြိမ်းစားဝန်ထမ်းလစာ အကြိမ် ၂၀ ထက် မနည်းလျှော့ချခံရပြီးနောက် ကုန်ကျစရိတ် ပိုနည်းသောနိုင်ငံတွင် သွားရောက်နေထိုင်၍ အရိုးထုတ်ရန်သာ ကြံစည်နေကြသည်။
ဂရိ အငြိမ်းစားဝန်ထမ်းများသည် ကြောင်း ကျိုးအခြေခံ၍ ဘူလ်ဂေးရီးယား၌ ရွှေ့ပြောင်း ရန် ရွေးချယ်ကြသည်။ ၂၀၁၇ ခုနှစ်၌ ဥရောပ စာရင်းအင်း အချက်အလက်အရ ဂရိ၏ လူနေမှုကုန်ကျစရိတ်သည် ဥရောပသမဂ္ဂတွင် အနိမ့်ဆုံးဖြစ်သော ဘူလ်ဂေးရီးယား၏ နှစ်ဆနီးပါးရှိသည်။ ဓာတ်ဆီဈေးနှုန်း၊ ကော်ဖီတစ်ခွက်ဈေးနှုန်း၊ မြေအောက်ရထားလက်မှတ်ဈေးနှုန်း စသည်တို့သည် ဆိုဖီယာတွင် ပိုနည်းသဖြင့် ကုန်ကျစရိတ်မှာ ၃၀ ရာခိုင်နှုန်းပိုသက်သာ၍ ဆိုဖီယာ ဘာဂက်စ်နှင့် ပလိုဗ်ဒစ်ဗ်တွင် နေထိုင်ရန် ရွေးချယ်ကြသည်။
ယခင် ကွန်မြူနစ်နိုင်ငံဖြစ်ပြီး ၂၀ဝ၇ ခုနှစ် တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် ဘူလ်ဂေးရီးယားသည် ထိုအချိန်ကတည်းက ပျမ်းမျှ နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးခဲ့သည်။ လူဦးရေ ခုနစ်သန်းရှိ နိုင်ငံ သည် အီးယူ၏ အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံ ဖြစ်နေသည်။
ဂရိနိုင်ငံသားတစ်ဦးဖြစ်သူ နီကို (၇၁ နှစ်) က ပေါင်မုန့်ဈေးနှုန်း ယူရိုဆင့် ၆၀၊ စားသောက်ဆိုင်တစ်နပ်စာ ၁၀ ယူရိုခန့် နေရာထိုင်ခင်းကောင်းသော အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းငှားခဈေးနှုန်း ယူရို ၂၀ဝ တို့ကို ညွှန်ပြ၍ဘူလ်ဂေးရီးယားတွင် ဘာကြောင့် နေထိုင်မည်ကို ရှင်းပြခဲ့သည်။
နီကို၏ အငြိမ်းစားလစာသည် အကျပ် အတည်းကာလတွင် ၄၅ ရာခိုင်နှုန်း ဖြတ် တောက်ခံရပြီး ယူရို ၁ç၁၀ဝ သာရခဲ့သည်။ နောက်ထပ် ဖြတ်တောက်ခံရမည့် အလား အလာကိုလည်း ကြိုတင်မှန်းဆနိုင်သည်ဟု ဆိုသည်။ အငြိမ်းစားလစာ အလွန်နည်းသော် လည်း ကုန်ပစ္စည်းအားလုံး ဈေးအလွန် သက်သာပြီး ဝန်ဆောင်ခများသည် ဂရိနိုင်ငံ ထက် အလွန်နည်းကြောင်းနှင့် သက်သောင့် သက်သာနေရသဖြင့် အေသင်မြို့သို့ ရံဖန်ရံခါမျှသာပြန်ကြောင်း နီကိုက ဆိုသည်။

















