အယ်မက်စ်နာ(လက်ဘနွန်) ” နှစ်အတန်ကြာ ဖြစ်ပွားလျက်ရှိသော စစ်ပွဲကြောင့် ပိတ်ထားခဲ့ရသော ဂျော်ဒန်နိုင်ငံကို ဖြတ်သန်းသွားလာနိုင်မည့် အဓိကကုန်းကြောင်းလမ်းကို ဆီးရီးယားနိုင်ငံက အောက်တိုဘာလတွင် ဖွင့်လှစ်ပေးခဲ့ပြီး အကျိုးအမြတ်ရရှိမည့် ပါရှားပင်လယ်ကွေ့ ဈေးကွက်အတွက် ကုန်သွယ်ရေးကုန်းလမ်းကြောင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးသောကြောင့် လက်ဘနွန်နိုင်ငံက ပို့ကုန်တင်ပို့သူများ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။
သို့သော် လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံ အရှုပ်အထွေး ကြာရှည်စွာဖြစ်ပွားနေခြင်းနှင့် လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးပိတ်ဆို့မှုကြောင့် လက်ဘနွန်နိုင်ငံသားများက စီးပွားလုပ်ငန်းများအတွက် ပင်လယ်မှတစ်ဆင့် စရိတ်စကကြီးမားစွာပေး၍ တင်ပို့မှုကို အားထားခဲ့ရပြီး ၎င်း၏ အိမ်နီးချင်းနိုင်ငံတွင် နှစ်ကာလအတော်ကြာ စစ်ပွဲဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့သော စီးပွားရေးကို ပြန်လည်ပြင်ဆင်မွမ်းမံရန် အားထုတ်ကြိုးပမ်းမှုများကိုရပ်ဆိုင်းခဲ့ရသည်။
နာဆိဘ်ဂျဘား နယ်စပ်လမ်းဆုံ ပြန်လည်ဖွင့်လှစ်မှုက ဆီးရီးယားသူပုန်များ အဆိုပါ လမ်းဆုံကို ၂၀၁၅ ခုနှစ်က သိမ်းဆည်းခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံတွင် သောင်တင်နေခဲ့သည့် လက်ဘနွန်နိုင်ငံရှိ ဘီကာတောင်ကြားဒေသက ကုန်တင်ကားလုပ်ငန်းပိုင်ရှင် မိုဟာမက်အရာဂျီပိုင်ဆိုင်သော ကုန်တင်ကားနှစ်စင်းကို ပြန်လည်ရယူနိုင်ခဲ့သည်။
ဆီးရီးယား”ဂျော်ဒန်လမ်းဆုံမှတစ်ဆင့် တစ်နှစ်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ခန့်မှန်းခြေ တန်ချိန် ၅၅၀,ဝ၀ဝ တင်ပို့မှုရှိ ....
အဆိုပါလမ်းဆုံ တရားဝင်မပိတ်မီ ဆီးရီးယားသို့ကုန်တင်ကားမောင်းနှင်သည့် ၎င်း၏ညီဖြစ်သူ ပြန်ပေးဆွဲခြင်းကိုလည်း ခံခဲ့ရဖူးသည်။ အဆိုပါ လမ်းဆုံသည် လက်ဘနွန်နိုင်ငံ၏ အသက်ရှူပေါက်ဖြစ်သည်ဟု အာရာဂျီက ပြောသည်။ ၎င်းလမ်းဆုံ ပိတ်သိမ်းမှုက လယ်သမားများ၊ ကားမောင်းသမားများ၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ၏ စီးပွားရေးအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။
ဆီးရီးအစိုးရက အဆိုပါလမ်းဆုံကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြားသိရသည့်အချိန်တွင် အလွန်ဝမ်းသာမိကြောင်း ၎င်းကပြောသည်။ သို့သော် ကုန်တင်ပို့ဆောင်ရေးအဆက်သွယ်များ ရရှိရန် ပို့ကုန်တင်ပို့သူများကို ရက်အတော်ကြာ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် နိုဝင်ဘာ ၁၀ ရက်၌ ပို့ကုန်တင်ပို့သူ တစ်ဦးက ဈေးကောင်းဖြင့် ကမ်းလှမ်းခဲ့ပြီးနောက် ၎င်း၏ ပထမဆုံး ကုန်တင်ကားများက ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခဲ့သည်။
ဆီးရီးယား၊ ဂျော်ဒန်နှင့် အီရတ်နိုင်ငံတို့အတွင်း ဖြတ်သန်းသွားလာနိုင်မည့် အဆိုပါ လမ်းဆုံက ပင်လယ်၊ အစ္စရေးနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဆီးရီးယားနိုင်ငံကြားတွင် ညပ်နေသော လက်ဘနွန်နိုင်ငံအတွက် အထူးအရေးပါသည်။ ဆီးရီးယားပြည်တွင်းစစ်မတိုင်မီ သုံးနှစ်အလို ၂၀ဝ၈ ခုနှစ်တွင် လက်ဘနွန်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု၏ ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
နာဆိဘ်ဂျဘား နယ်စပ်လမ်းဆုံ မပိတ်မီ လက်ဘနွန်နိုင်ငံမှ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ်နှင့် ကမ်းလွန်ပင်လယ်ကွေ့ရှိ ဈေးကွက်များသို့ တစ်နေ့လျှင် ကုန်တင်ကား အစီး ၂၅၀ ခန့် ကူးသန်းသွားလာခဲ့သည်။ အဆိုပါလမ်းဆုံ ပိတ်သိမ်းခံခဲ့ရပြီးနောက် ဆီးရီးယားနိုင်ငံအတွင်းသာ ဖြတ်သန်းခွင့်ရှိသည့်အချိန်တွင် တစ်လလျှင် ကုန်တင်ကား ၃၀ဝ ခန့်သာ ကူးသန်းသွားလာခဲ့သည်ဟု အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်။
ဆီးရီးယား”ဂျော်ဒန် လမ်းဆုံမှတစ်ဆင့် တစ်နှစ်လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ခန့်မှန်းခြေ တန်ချိန် ၅၅၀,ဝ၀ဝ တင်ပို့မှုရှိကြောင်း ဘီကာ လယ်သမား သမဂ္ဂ ခေါင်းဆောင် အီဘရာဟင်မ် တာရှီရှီက ပြောကြားခဲ့သည်။ လမ်းဆုံ ပိတ်သိမ်းခံရပြီးနောက် တင်ပို့မှုနှုန်း ၄၀ ရာခိုင်နှုန်းနီးပါး တန်ချိန် ၃၃၀,ဝ၀ဝ အောက် ကျဆင်းခဲ့သည်။ ဘီကာမှ ဆော်ဒီအာရေဗျသို့ တင်ပို့မှု ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း ဘီကာ ကုန်သည်ကြီးများအသင်း၏ ကိန်းဂဏန်းများအရ သိရသည်။ လမ်းဆုံပြန်ဖွင့်ပြီးနောက် ပါရှားပင်လယ်ကွေ့သို့ဦးတည်သွားလာမည့် ကုန်တင်ကားများကို ဆီးရီးယားနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့က အခွန်အသစ်များ စည်းကြပ်ကောက်ခံခဲ့သည်။ ဆီးရီးယားနိုင်ငံတစ်နိုင်ငံတည်းကပင် အခွန်ငါးဆ တိုးကောက်ခဲ့သည်ဟု တာရှီရှီက ပြောကြားခဲ့သည်။
ဆီးရီးယားနှင့် လက်ဘနွန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုက အခွန်နှုန်း လျှော့ပေါ့ပေးရန် ကုန်သည်များက မျှော်လင့်နေကြသော်လည်း သမ္မတ ဘာရှာအာဆက်၏ ပြိုင်ဘက်နှင့် ထောက်ခံအားပေးသူများ နှစ်နေရာတွင် လက်ဘနွန်နိုင်ငံရေးခေါင်းဆောင်များက သဘောထားကွဲလွဲလျက်ရှိသည်။

















