ဗျူနိုအေရီးစ်မြို့ရှိ သမ္မတအိမ်တော်နှင့် ဘလောက်လေးခု အကွာတွင် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးက သူ၏အလုပ်သမား ၂၅ ယောက်ပါဝင်သည့် အဖွဲ့အတွက် နေ့လယ်စာ စီစဉ်လျက်ရှိသည်။
လုပ်ငန်းခွင်အနီးရှိ စတိုးဆိုင်က အသားညှပ်ပေါင်မုန့်ဝယ်ယူမည့်အစား သူသည် မြေတူးစက်ဖြင့် တူးဖော်ထားပြီးအကင်ဖိုအဖြစ် ယာယီအသုံးပြုသော သုံးပေမြင့် ကျင်းထဲ၌ ဝက်အူချောင်းများနှင့် အမဲသားနှစ်ချပ်ကို ကင်လျက်ရှိသည်။ "ဒါဟာ ကျွန်တော်တို့ စွန့်လွှတ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဇိမ်ခံအစားအစာတစ်ခုပဲ" ဟု အဆိုပါ အမဲသားနှင့် ဝက်အူချောင်းကင်အတွက် သုံးဒေါ်လာခန့်ပေး၍ စားသုံးမည့် အလုပ်သမားများအနက် တစ်ဦးဖြစ်သူ ကားလို့စ်က ပြောသည်။
"တောင်အမေရိကနိုင်ငံတွေမှာ ပြုလုပ်လေ့ရှိတဲ့ ရိုးရာ အကင် စုပေါင်းစားသောက်ပွဲဖြစ်တဲ့ အစာဒိုကို ရက်သတ္တပတ်ပြီးတိုင်းမလုပ်ရရင် ကျွန်တော်တို့ အသက်ရှင်မှာ မဟုတ်ဘူး"ဟု သူကပြောကြားသည်။
၁၇ နှစ်တာ ကာလအတော်ကြာ စီးပွားရေးကျဆင်းနေ ချိန်တွင် အာဂျင်တီးနားလူမျိုးများက ဆီချေးစော်နံသော ပေါင်မုန့် ဝယ်စားခဲ့ကြပြီး နာမည်ကြီး အမှတ်တံဆိပ် အီတလီခေါက်ဆွဲခြောက်မျိုး ဝယ်ယူစားသောက်ခြင်းမျိုး ကို စွန့်လွှတ်ခြင်းကဲ့သို့ အစားအသောက် အသုံးအဆောင် ပစ္စည်းတော်တော်များများကို စွန့်လွှတ်ရန် ပြင်ဆင်ခဲ့ကြရသည်။ သို့သော် အမဲသားနှင့်ပတ်သက်ပြီး စွန့်လွှတ်နိုင်ခြင်းမရှိသေးပေ။
ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အကြီးဆုံး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သော အာဂျင်တီးနားနိုင်ငံတွင်အမဲသားကင်မှာ ပုံမှန်ဟင်းလျာအဖြစ်ပါဝင်ပြီး ဗိုက်တင်းနေအောင် စားသုံးမှုက လူမှုရေးအလေ့အကျင့်ကို သက်သေပြနေသည်။
၂၀၁၈ ခုနှစ် ပထမ ၁၀ လတွင် အာဂျင်တီးနားလူမျိုးတို့သည် တစ်ဦးလျှင် စုစုပေါင်း ၅၇ ဒသမ ၇ ကီလိုဂရမ် အမဲသားကင်စားသုံးမှု ရပ်ဆိုင်းခဲ့သော်လည်းလွန်ခဲ့သည့် နှစ်နှစ်ကနှုန်းထက် အနည်းငယ်မြင့်တက်ခဲ့ကြောင်း စီအိုင်စီစီအာရ်အေ လုပ်ငန်းအုပ်စုကပြုစုထားသော အချက်အလက်အရ သိရသည်။
အဆိုပါအချက်အလက်အရ တန်းတူမြို့တော်များ၏အခြေခံနှင့် နှိုင်းယှဉ်လျှင် ချမ်းသာသည့်နိုင်ငံများထက် အာဂျင်တီးနားနိုင်ငံက အသားပိုမိုစားသုံးသောအခြေအနေတွင် ရှိသေးသည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် စီးပွားရေး နှစ် ရာခိုင်နှုန်းခန့် လျှော့ချရန် မျှော်မှန်းခဲ့ပြီး ကုန်ဈေးနှုန်း ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်နေသည့် အပြင် အလုပ်လက်မဲ့နှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
အရေးပါလာသော ငွေကြေးများအနက် တစ်ခုဖြစ်သည့် အာဂျင်တီးနားသုံးငွေ ပီဆိုမှာ ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ ၂၀၁၅ ခုနှစ်နှောင်ပိုင်းတွင် သမ္မတ မော်ရီချီယို မက်ရီ တက်လာပြီးနောက် စားသုံးသူ ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ အခြားအဓိက စားကုန်များမှာလည်း ကြီးကြီးမားမား ထိခိုက်ခဲ့သည်။
သြဂုတ်လမှ စက်တင်ဘာလအထိ ပေါင်မုန့်ဝယ်ယူစားသုံးမှု ၄၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း ပေါင်မုန့်ဆိုင် ၃၀ဝ ခန့်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်ချက်အရသိရသည်။ အကြောင်းရင်းတစ်ခုမှာ သမ္မတမက်ရီ၏ စွမ်းအင်ထောက်ပံ့ကြေး ရပ်ဆိုင်းလိုက် သဖြင့်ကုန်ကျစရိတ် မြင့်တက်ခဲ့၍ဖြစ်သည်။
ပေါင်မုန့်ဆိုင်အချို့က တစ်နေ့တာ ကုန်ဆုံးချိန်တွင် ပေါင်မုန့် မေတ္တာလက်ဆောင်ပေးဝေမှုကို ရပ်ဆိုင်းခဲ့ပြီး ထိုအစား ၅၀ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချလာခဲ့ကြသည်။

















