မာကယ်လ်ဟာ ဥရောပနိုင်ငံတွေက လူမျိုးတွေကြား သွေးကွဲစေတဲ့ ပဋိပက္ခတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရွှေ့ပြောင်းခိုလှုံသူ ပြဿနာတွေကို တာဝန်ယူခဲ့ရတယ်။ သူက ရေရှည်အစား ရေတိုဖြေရှင်းမှုတွေလုပ်ခဲ့တာကြောင့် အခြေအနေတွေ ပိုဆိုးလာတာဖြစ်
ကျွန်တော်တို့ဟာ များသောအားဖြင့် ပျက်စီးရာ ပျက်စီး ကြောင်းတွေကို ပိုအာရုံစိုက်မိလေ့ရှိကြတယ်။ ဒါကြောင့် အိန်ဂျလာ မာကယ်လ်ဟာ ဒီဇင်ဘာလမှာ CDUပါတီခေါင်းဆောင်နဲ့ ၂၀၂၁ ခုနှစ်မှာ ဂျာမန် အဓိပတိအဖြစ်ကနေ နုတ်ထွက်တော့မယ်ဆိုတာကို သတိပြုမိနေကြတယ်။
မာကယ်လ်ဟာ ဥရောပနိုင်ငံတွေက လူမျိုးတွေကြား သွေးကွဲစေတဲ့ ပဋိပက္ခတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ရွှေ့ပြောင်းခိုလှုံသူ ပြဿနာတွေကို တာဝန်ယူခဲ့ရတယ်။ သူက ရေရှည်အစား ရေတိုဖြေရှင်းမှုတွေ လုပ်ခဲ့တာကြောင့် အခြေအနေတွေ ပိုဆိုးလာတာဖြစ်တယ်။
သူ မမျှော်လင့်ဘဲ အဓိပတိဖြစ်လာတာက သူ့အခြေ အနေကို ပြောင်းလဲသွားစေတာဖြစ်တယ်။ ၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလ ရွေးကောက်ပွဲအစ စစ်တမ်းတွေမှာ သူဟာအပြတ်အသတ် အသာရနေခဲ့တယ်။ အဲဒီတုန်းက အဓိပတိ စရိုဒါဟာ အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်းကို မလျှော့ချနိုင်တာကြောင့် ပြည်နယ်ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တယ်။ ဒါတောင် မာကယ်လ်ဟာ သူ့ပေါ်လစီတွေကို မပွင့်တစ်ပွင့်ချပြတာတွေ၊ အားမာန်မပါတဲ့ စကားရည်လုမှုတွေကြောင့် ရှုံးတော့မလိုဖြစ်လိုက် သေးတယ်။
နောက်လာတဲ့ ရွေးကောက်ပွဲတွေမှာ မာကယ်လ်ဟာ ထိရောက်တဲ့ ပေါ်လစီတွေကိုသုံးပြီး မဲဆွယ်ဖို့ ငြင်းပယ် ခဲ့တယ်။ ၂၀ဝ၉ ခုနှစ်မှာတော့ သူ့ရဲ့ ပျင်းစရာကောင်းတဲ့၊ ရိုးတဲ့ မဲဆွယ်ပုံတွေကြောင့် ပြိုင်ဘက်တွေက "အိမ်ရှင်မ" လို့ ခေါ်တာခံခဲ့ရတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူ့ရဲ့ ဆောင်ပုဒ်အသစ် ]မင်းတို့ ငါ့ကိုသိပါတယ်'ကို အသုံးပြုကာအဲဒီနာမည်ပြောင်ကို ကျေကျေနပ်နပ် သုံးခဲ့တယ်။
ပေါ်လစီက အသေအချာမချပြခဲ့တာကြောင့် မာကယ်လ်ဟာ လုပ်ပိုင်ခွင့်အများကြီး မရခဲ့ဘူး။ ရွေးကောက်ပွဲတစ်ခုပြီးတိုင်း စိတ်ဝင်စားသူတွေဟာ သူတို့နဲ့ကိုက်ညီတဲ့ အခြေအနေတစ်ခုကို ညှိပေးမှာပဲဆိုကာ မျှော်လင့်ကြတယ်။ ဒါပေမဲ့ မာကယ်လ်က အဲဒီလို လုပ်မပေးတာဟာ သူ့ကို ရှင်သန်နေစေတဲ့ အကြောင်းရင်း ဖြစ်တယ်ဆိုတာကို သိထားတယ်။
မာကယ်လ် အိုးနင်းခွက်နင်း လုပ်တတ်တယ်ဆိုတာ ဥရောပဇုန် ပြန်လည်ဖွဲ့စည်းမှုမှာ သူ့လုပ်ရပ်တွေကို တွေ့နိုင်တယ်။
သူက ဘဏ္ဍာရေးကဏ္ဍတွေကို ပြင်ဖို့ဆိုရင် ဂျာမနီက ငွေကြေးအကုန်ခံရနိုင်တယ်ဆိုတာ သိထားတယ်။ ဒါဟာ ဘာကြောင့် အန္တရာယ်များသလဲဆိုတော့ အရင်က အဓိပတိ ဟဲလ်မွတ်ခိုးလ်က ဘာ ဘဏ္ဍာရေးစွန့်စားမှုမှ မလုပ်ဘဲနဲ့ ယူရိုငွေကြေးကို တန်ဖိုးမြင့်အောင်လုပ်နိုင်တယ်လို့ သက်သေပြခဲ့လို့ပဲ။
ဒါကြောင့် ဂျာမန်တွေနဲ့ ဝေးကွာသွားမှာကြောက်လို့ မာကယ်လ်ဟာ ဒီကိစ္စနဲ့ပတ်သက်ရင် ဘာမှမလုပ်သလောက်ပဲ။ သူက ကာလအတော်ကြာ နှောင့်နှေးမှုအပြီး ၂၀၁၀ ပြည့်နှစ်မှာတော့EU-IMF ပူးပေါင်းပြီး ဂရိနိုင်ငံကို ငွေချေးဖို့ သဘောတူခဲ့တယ်။ ဒါဟာ European Stability Mechanism ဆိုတဲ့ ပိုမိုခိုင်မာတဲ့ ငွေချေးတဲ့အဖွဲ့ဖြစ်လာဖို့ ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့တယ်။
၂၀၁၂ ခုနှစ် ယူရိုငွေတန်ဖိုးကျနေတုန်း မာကယ်လ်က ဥရောပ ဗဟိုဘဏ်ဥက္ကဋ္ဌ မာရီယို ဒရာဂီကို ထောက်ခံပြီး ဥရောပမှာ ရုန်းကန်နေရတဲ့နိုင်ငံတွေရဲ့ အြွေကးစာချုပ် တွေကို ဝယ်ယူဖို့တိုက်တွန်းခဲ့တယ်။ အဲဒီအချက်ဟာ ရေတိုတော့ အဆင်ပြေပေမဲ့ ငွေကြေးအဖွဲ့ဟာ ဒူပေနာပေ မခံနိုင်ဘဲ အီတလီရဲ့ ပဋိပက္ခနဲ့အတူ ဥရောပဟာ အားနည်းလာခဲ့တယ်။
သေချာအောင်ပြောရရင် မြင့်တက်လာတဲ့ မညီမျှမှုတွေ၊ လစာမတိုးတာတွေ၊ အလုပ်သမား မကျေနပ်တာတွေဟာ တိုးတက်ပြီးသားကမ္ဘာမှာ သိသာတယ်။ မာကယ်လ်ဟာ ဒီကိစ္စတွေနဲ့ ....
မာကယ်လ်ဟာ သူ့ရဲ့မူဝါဒတစ်ခုကြောင့် ပြိုလဲခဲ့တာ ဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ ဥရောပ တစ်တိုက်လုံး ဒုက္ခသည်တွေနဲ့ ပြည့်နေချိန်မှာ သူက ဆီးရီးယားဒုက္ခသည် တွေကို တံခါးဖွင့်ကြိုဆိုခဲ့တယ်။
ဟန်ဂေရီရဲ့ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ဂျာမနီကို တံတိုင်းကာပြီး ဒုက္ခသည်တွေ မဝင်နိုင်အောင်လုပ်ဖို့ အကြံပေးတဲ့အခါ သူက အေးတိအေးစက် တုံ့ပြန်ခဲ့တယ်။ သူက အရှေ့ဂျာမနီမှာ ကြီးပြင်းလာခဲ့ရတာကြောင့် တံတိုင်းနောက်မှာ ထပ်မနေချင်တော့ဘူးလို့ ပြောတယ်။
မာကယ်လ်ရဲ့ လူသားချင်းစာနာမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးကျူးခဲ့ကြတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ တော့ပြောင်းပြန်ပဲ။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ယူရိုကိုဆန့်ကျင်ဖို့ ထူထောင်ခဲ့တဲ့ AfD ဆိုတဲ့အဖွဲ့ဟာ မာကယ်လ်ရဲ့ CDUပါ တီနဲ့ အလားတူပါတီCSU တို့ကနေ ပါတီဝင် တွေကို သိမ်းသွင်းယူပြီး ဒုက္ခသည်ဆန့်ကျင်တဲ့ အမျိုးသား ရေးပါတီတစ်ခု ထူထောင်နိုင်ခဲ့တယ်။
၂၀၁၆ ခုနှစ်မှာ မာကယ်လ် တူရကီမှာ ဒုက္ခသည်တွေ ထားဖို့သဘောတူညီမှုရရှိပြီး ဥရောပရဲ့ ဖိအားပေးမှုကို ရှောင်လွှဲနိုင်ခဲ့တယ်။ ဒါပေမဲ့ သဘောတူညီမှုက အလွန် လျှို့ဝှက်တယ်။ ဒါကိုပဲ တခြားတစ်နေရာမှာ ထပ်သုံးတော့ ပြောင်းရွှေ့ခိုလှုံသူတွေဟာ အန္တရာယ်များနေပြီ။
မာကယ်လ်ဟာ သူ့ရဲ့ ပျင်းစရာကောင်းတဲ့ မဲဆွယ်မှုနဲ့ စတုတ္ထသက်တမ်းကို နိုင်ခဲ့ပေမဲ့ ပြည်တွင်းစီးပွားရေး ကျဆင်းမှုတွေကြောင့် သူ့ကိုထောက်ခံတဲ့သူတွေ ကျဆင်း ခဲ့တယ်။ မာကယ်လ်ဟာ ရှရူးဒါး ချန်ထားခဲ့တဲ့ အငြင်းပွား စရာ အလုပ်သမားဈေးကွက်နဲ့ ဖူလုံရေး ပြန်လည်ဖွဲ့စည်း မှုတွေကို ဖြေရှင်းနေရတယ်။ ပြန်လည်ပြုပြင်မှုတွေဟာ အလုပ်လက်မဲ့နှုန်းကို ကျဆင်းစေနိုင်ပေမဲ့ ငွေကြေး ဖောင်းပွမှုနှုန်းအတိုင်း လိုက်ပြီးတက်မလာတဲ့ လစာတွေနဲ့ ငွေကြေးအတွက် ပူပန်သောကရောက်မှုတွေ မြင့်တက်လာတယ်။
သေချာအောင်ပြောရရင် မြင့်တက်လာတဲ့ မညီမျှမှု တွေ၊ လစာမတိုးတာတွေ၊ အလုပ်သမား မကျေနပ်တာ တွေဟာ တိုးတက်ပြီးသားကမ္ဘာမှာ သိသာတယ်။ မာကယ်လ်ဟာ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နည်းနည်းပဲ ပြောတယ်။ သူက အမြော်အမြင်မရှိလို့တော့ မဟုတ်ဘူး။ ၂၀၁၀ ပြည့်နှစ် ဧပြီလမှာ မာကယ်လ်က နည်းပညာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာသာ လူတိုင်းအတွက် တန်းတူကောင်းမွန်တဲ့ အခွင့်အရေးရနိုင်မယ်လို့ ပြောတယ်။
ဒါပေမဲ့ လူအများက ခြိုးခြံချွေတာချင်တာကို မလှန်ဝံ့ တဲ့ မာကယ်လ် ယိုယွင်းလာတဲ့ အခြေခံအဆောက်အအုံ ပြင်တာမျိုး၊ ပညာရေးအဆင့်မြှင့်တင်တာမျိုး မလုပ်နိုင် ဘူး။ ဒီအစား သူက နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ ဂျာမန် ဒီဇယ်ကားထုတ်လုပ်သူတွေကို ကာကွယ်ဖို့ ယက်ကန်ယက်ကန်နဲ့ ကြိုးစားခဲ့တယ်။ ဂျာမန်ကားလုပ်ငန်းတိုးတက်မှုကို တန့်အောင်လုပ်ဖို့ ကြိုးစားနေတာဟာ စီးပွားရေးကို ဆွဲချနေသလိုပဲ။
မာကယ်လ်ဟာ လူတွေ စိတ်ဝမ်းကွဲပြားနေတာကို လုံးဝ မပြောင်းလဲနိုင်ခဲ့တာကြောင့်AfD ကို ထောက်ခံမှု တွေတက်လာတယ်။
၂၀၁၇ ခုနှစ် ရွေးကောက်ပွဲမှာ AfD မဲပေးတဲ့သူတွေဟာ အသက် ၃၀ နဲ့ ၅၉ နှစ်ကြားမှာရှိတဲ့ တောရွာကလေးတွေက အလုပ်ကြမ်းသမားတွေ ဖြစ်တယ်။ အဲဒီလူတွေဟား အရင်က CDV နဲ့ CSV တို့ကို ထောက်ခံ ခဲ့ပေမဲ့ AfD ရဲ့ အမျိုးသားရေးဝါဒက ဆွဲဆောင်သွားတာ ဖြစ်တယ်။CDUက အားနည်းနေပြီး မာကယ်လ်က သူ့ပါတီထဲမှာ အာဏာမရှိတော့ဘူး။ ဒီတော့ သူ နုတ်ထွက်ပေးရမယ့်အချိန် ရောက်လာပြီလို့ ပြောရမလို ဖြစ်နေပြီ။
(ဤဆောင်းပါးသည် Ashoka Mody ဖြစ်သည်။ ပရင့်စ်တန်တက္ကသိုလ်Woodrow Wilson Schoolof Public International Affairs u International Economic Policy မှာ ဧည့်သည်ပါမောက္ခဖြစ်သည်။IMFက ဂျာမနီနဲ့အိုင်ယာလန်အတွက် မစ်ရှင်အကြီးအကဲဟောင်းဖြစ်သည်။ သူသည် Euro Tragedy: A Drama in Nine Acts စာအုပ်ကို ရေးသားခဲ့သည်။)

















