လားရှိုး၌ ထိန်းချုပ်ဓာတုဆေးဝါး ကျပ်သိန်း ၂၂၈၀ ဖိုးခန့် သိမ်းဆည်းရမိ

လားရှိုး၌ ထိန်းချုပ်ဓာတုဆေးဝါး ကျပ်သိန်း ၂၂၈၀ ဖိုးခန့် သိမ်းဆည်းရမိ

လားရှိုးမြို့နယ်၌ ပလတ်စတစ်စည်ပိုင်းများအတွင်းမှ ထိန်းချုပ်ဓာတုဆေးဝါး ကျပ်သိန်း  ၂၂၈၀ ဖိုးခန့်ကို မူးယစ်တပ်ဖွဲ့နှင့်နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၄ ရက်က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ စံဖြတ်ကျေးရွာ၊ မန္တလေး-လားရှိုးသွားကားလမ်းဘေး၊ အသောက စက်သုံးဆီရောင်းဝယ်ရေး ဆိုင်အနီးတွင် ရပ်တန့်ထားသည့် (၆)ဘီးမော်တော်ယာဉ်ကို  မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းအဖွဲ့တို့က သတင်းအရရှာဖွေစစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင် ပုလင်း/ ကော်ဗူးအခွံအိတ်များဖြင့်ဖုံးအုပ်ထားသည့် ပလတ်စတစ်စည်ပိုင်း ၁၉ ခူ အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ထိန်းချုပ်ဓါတုပစ္စည်းများဖြစ်သည့် 1-PHENYL-2-PROPANONE အက်ဆစ် ၂၈၅၀ လီတာ (ကျပ်သိန်း၂၂၈၀ ဖိုးခန့်)ကို တွေ့ရှိသိမ်းဆည်းရမိ သောကြောင့် နောင်မွန်နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။