ဗိုလ်သင်တန်းအမှတ်စဉ် (၆၆) အရာရှိ မိသားစုများ၊ သုခကမ္ဘာဆေးရုံ မိသားစုများ၊ SUPREME Hotelဝန်ထမ်းမိသားစုများ၊ ကပ္ပတိန် သတိုးကျော်-ဒေါ်မိမိနိုင်မိသားစု၊ ဦးတင်ထွေးနိုင်-ဒေါ်နန်းသင်းကြူ မိသားစု၊ သမိုင်းယောဂီများအဖွဲ့နှင့် စေတနာရှင်အလှူရှင်များ ကမကထဦးဆောင်မှုဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၈) ရပ် ကွက် ဗိုလ်မင်းရောင်လမ်း မဟာစည်သြဝါဒခံ စိန်စည်သာသနာ့ရိပ်သာ ကျောင်းတိုက်တွင် ပုရိမဝါကပ်တော်မူကြကုန်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ပြည်တွင်းပြည်ပမဟာစည်သာသနာ့ရိပ်သာများ၏ နာယကဓမ္မာစရိယကမ္မဋ္ဌာနာစရိယ၊ ဒီဃဘာဏက ပိဋကတ်တစ်ပုံ အောင် စိန်စည်ဆရာတော် ဘဒ္ဒန္တသညောဘာသမထေရ်မြတ်အား ပုနောပ သမ္ပဒါသိက္ခာထပ်မင်္ဂလာကို ၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်း လဆန်း ၁၁ ရက် (နို-ဝင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့) နံနက် ၉ နာရီမှ စတင်ကျင်းပမည်ဖြစ်သည်။
ဆက်သွယ်လှူဒါန်း
နံနက် ၉ နာရီတွင် ဓမ္မသဘင်တရားတော်မြတ်ကိုနာယူ၍ စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်းကို စေတနာရှင်၊ အလှူရှင်များအစဉ်အလာ မပျက် ဆက်ကပ်လှူဒါန်းကြမည်ဖြစ်သည်။ သင်္ကန်းတစ်စုံငွေကျပ် ၅၀ဝ၀၊ ထီးတစ်လက်ငွေကျပ် ၂၀ဝ၀၊ ဖိနပ်တစ်ရန် ငွေကျပ် ၂၀ဝ၀၊ ယပ်တစ်ချောင်း ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့် စိန်စည်သာသနာ့ရိပ်သာကျောင်း တိုက်ဝေယျာဝစ္စအဖွဲ့ ဖုန်း–ဝ၉– ၅၁၂၃၀ဝ၃၊ ဝ၉–၂၅၂၄၅၂၉၇၇၊ ဝ၉–၄၄၀ ၂၂၇၉၅၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြသည်။















