ပဲခူးတိုင်း၌  နိုင်ငံတကာအဆင့်မီ  ကလိ လက်ကားဈေးကြီး  ကျပ်  ၁၄  ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်မည်

ပဲခူးတိုင်း၌  နိုင်ငံတကာအဆင့်မီ  ကလိ လက်ကားဈေးကြီး  ကျပ်  ၁၄  ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်မည်

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတကာ အဆင်မီ ကလိ လက်ကားဈေးကြီးကို ကျပ် ၁၄ ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Grand Style Co., Ltd တို့ MoU လက်မှတ်ရေးထိုး ပွဲကို နိုဝင်ဘာ ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

နှစ်ထပ်လက်ကားဈေး

ကလိလက်ကားဈေးသည် ပဲခူးမြို့နယ် ကလိ (တပ်ကလေး)ကျေးရွာအုပ်စု ကလိ (တပ်ကလေး)ကျေးရွာ ကွင်းအမှတ်(၆၅၀) ဦးပိုင်အမှတ် (၁/၄၊၃/၃၊၄/၁၊၅၊၆/၂၊၂၃/၁)တို့ရှိ မြေဧရိယာ ၁၅ ဒသမ ၁၃ဧကတွင် နိုင်ငံတကာအဆင့်မီ နှစ်ထပ်လက်ကားဈေး အဖြစ်တည်ဆောက်မည်ဖြစ်ပြီး စားသောက် ဆိုင်များ၊ ဟိုတယ်များ၊ Express Gate များ၊ ယာဉ်ရပ်နားစခန်းငယ်များ၊ ဘဏ်ခွဲရုံးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းလက်ကား ဈေးသည် ပဲခူးတိုင်း ဒေသကြီးအတွင်း ပထမ ဦးဆုံး ဖွင့်လှစ်တည်ဆောက်မည့် လက်ကား ဈေးကြီးလည်းဖြစ်ကြောင်း သိရသည်။

အထူးစိတ်ဝင်စားခံရ

မြန်မာနိုင်ငံ၏ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော ရန်ကုန်-မန္တလေး၊ ရန်ကုန်–မော်လမြိုင်လမ်းတို့သည် ပဲခူးမြို့ကို ဖြတ်သန်းလျက်ရှိကြောင်း၊ ပဲခူးဒေသသည် ပြည်ပရင်းနှီးမြှုပ်နှံမှု အထူးစိတ်ဝင်စားခံရ သည့် မြို့တစ်မြို့ဖြစ်ပြီး နောင်အနာဂတ်တွင် ယာဉ်ကြောရှုပ်ထွေးခြင်း၊ လူနေထူထပ်ခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ရန် လို အပ်ခြင်း၊ တိုးတက်လာသည့် လူဦးရေအတွက် ဈေးများ လိုအပ်ခြင်းစသည်တို့အတွက် မျှော် မှန်းကာ ယင်းလက်ကားဈေးကို တည်ဆောက် ရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းက အဆိုပါ MoU လက်မှတ်ရေးထိုးပွဲ၌ ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး