ကမ္ဘောဒီးယားနိုင်ငံအား ၁၉၇၀ ပြည့်နှစ်ကျော်ကာလများတွင် ရက်စက်စွာအုပ်ချုပ်ခဲ့သည့် ခမာနီအစိုးရခေါင်းဆောင်များအနက် နောက်ဆုံးအသက်ရှင်ကျန်သည့် ခေါင်းဆောင်ဟောင်းနှစ်ဦးဖြစ်သော နွန် ချီယာနှင့် ခူဆန်ဖန်တို့အား လူမျိုးပြုတ်သတ်ဖြတ်မှုဖြင့် နိုဝင်ဘာ ၁၆ ရက်တွင် ကုလသမဂ္ဂနောက်ခံပြုတရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ပြီဖြစ်သည်။
အသက် ၉၂ နှစ်အရွယ် နွန်ချီယာသည် ခမာနီခေါင်းဆောင် ပိုလ်ပေါ့၏လက်ထောက်တစ်ဦးဖြစ်ပြီး အသက် ၈၇ နှစ်အရွယ် ခူဆန်ဖမ်သည် နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နွန်ချီယာနှင့် ခူဆန်ဖန်တို့သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ထောင်ဒဏ်ကျခံနေရပြီးဖြစ်သည်။
နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အပြစ်ပေးခံရခြင်းဖြစ်ကြောင်း နှစ်ဦးစလုံးကပြောဆိုခဲ့သည်။ ခမာနီအစိုးရသည် ဗီယက်နမ်လူမျိုးများနှင့် ချမ်လူနည်းစုဝင်များအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း တရားသူကြီးနီလ် နွန်း၏ဆုံးဖြတ်ချက်တွင်ဖော်ပြထားသည်။ သို့သော် ခူဆန်ဖန်သည် ချမ်များအား သတ်ဖြတ်ခဲ့ကြောင်း အထောက်အထားမပြနိုင်ခဲ့ချေ။ ချမ်သည် ပူးတွဲဦးစီးတာဝန်ဖြင့် ဗီယက်နမ်လူမျိုးများကို သတ်ဖြတ်ရန်ညွှန်ကြားခဲ့ကြောင်း တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။
ခမာနီအစိုးရသည် ကျေးလက်အခြေပြုလူ့အဖွဲ့အစည်းတည်ထောင်ရန်အတွက် မြို့နေများကို ကျေးလက်သို့ ရွှေ့ပြောင်းစေပြီး စိုက်ပျိုးရေးလုပ်ကိုင်စေခြင်း၊ အလုပ်ကြမ်းလုပ်စေခြင်း အစရှိသည်တို့ကို ခိုင်းစေခဲ့သည်။ အစုလိုက်အပြုံလိုက်သေစေရန်မရည်ရွယ်ခဲ့သော်လည်း အစာအဟာရငတ်ပြတ်ခြင်း၊ ဝန်နှင့်အားမမျှခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် အစုလိုက်အပြုံသေဆုံးစေခဲ့သည်။
နွန်ချီယာနှင့် ခူဆမ်ဖန်တို့အား ၎င်းတို့ကျခံနေရသည့် အကျဉ်းထောင်မှ တရားရုံးသို့ လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။ ခမာနအစိုးရလက်ထက် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ကြားနာစစ်ဆေးရန်အတွက် အကျဉ်းထောင်နှင့် တရားရုံးတို့ကို သီးသန့်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
နွန်ချီယာသည် နှလုံးရုတ်တရက်ဖောက်ပြန်သောကြောင့် ကြားနာစစ်ဆေးသည့်အခန်း၏နံဘေးရှိ အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်ခဲ့ရသည်။ ခူဆမ်ဖန်သည် ကြားနာစစ်ဆေးမှုကိုတက်ရောက်ခဲ့ပြီး စီရင်ချက်ချမှတ်စဉ်တွင် ခံစားချက်တစ်စုံတရာမပြခဲ့ချေ။ နိုဝင်ဘာ ၁၆ ရက် ကြားနာစစ်ဆေးမှုကို ချမ်လူနည်းစုဝင်များအပါအဝင် လူများစု တက်ရောက်နားထောင်ခဲ့သည်။
သို့သော် နိုင်ငံရေးအခြေအနေများကြောင့် ခမာနီခေါင်းဆောင်များအား ကြားနာစစ်ဆေးမှုရပ်ဆိုင်းသွားဖွယ်ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ်ဟွန်ဆန်က ရုံးတင်စစ်ဆေးမှုများကြောင့် မတည်ငြိမ်မှုများရှိလာနိုင်သဖြင့် နောက်ထပ်ကြားနာစစ်ဆေးခွင့်ပေးတော့မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ ဟွန်ဆန်သည် ခမာနီတပ်မှူးတစ်ဦးဖြစ်ပြီး ဗီယက်နမ်စစ်တပ်က ကျူးကျော်ပြီး ခမာနီအစိုးရကိုဖြုတ်ချခဲ့ပြီးနောက်တွင်လည်း ရာထူးကြီးများကိုဆက်လက်ထမ်းဆောင်ခွင့်ရှရိခဲ့သူဖြစ်သည်။

















