အမေရိကန်ဦးဆောင်သော အရေးယူပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယားရှိ တီဘီရောဂါအကျပ်အတည်းပိုမိုုဆိုးရွားလာနေသောကြောင့် တောင်ကိုရီးယားအနေဖြင့် ယင်းနိုင်ငံရှိ တီဘီရောဂါအကျပ်အတည်း ကိုတုံ့ပြန် ပိုမိုဆောင်ရွက်သင့်ကြောင်း အမေရိကန်အခြေစိုက် ယူဂျင်းဘဲလ်ဖောင်ဒေးရှင်းက နိုဝင်ဘာ ၁၆ ရက်တွင် တိုက်တွန်းပြောဆိုလိုက်သည်။.
မြောက်ကိုရီးယားနိုင်ငံတွင်းရှိ တီဘီရောဂါသည်များကိုကုသရေးအတွက် ဆေးဝါးများပေးပို့မှုကို ပိတ်ဆို့မှုများမှ ကင်းလွတ်ခွင့်ပေးရေးအတွက် တောင်ကိုရီးယားက ကူညီသင့်သော်လည်း မကူညီခဲ့ကြောင်း ယူဂျင်းဘဲလ်၏ဥက္ကဋ္ဌ စတီဖင် လင်တန်ကပြောဆိုခဲ့သည်။ မြောက်ကိုရီးယားရှိ တီဘီရောဂါပြဿနာကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပါက တောင်ကိုရီးယားအတွက် ကျန်းမာရေးအရ ဆိုးကျိုးများရှိလာနိုင်ကြောင်း လင်တန်ကပြောဆိုခဲ့သည်။
တီဘီရောဂါသည် မြောက်ကိုရီးယား၏အကြီးဆုံးမားဆုံး ကျန်းမာရေးပြဿနာဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယား၌ တီဘီဖြစ်ပွားမှု ၁၀၇၀ဝ၀ မှုရှိခဲ့ပြီး လူ ၁၆၀ဝ၀ ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောဆိုခဲ့သည်။
မြောက်ကိုရီးယားရှိ ကျန်းမာရေးအကူအညီအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဂျနီဗာအခြေစိုက် အေ့ဒ်စ်၊ တီဘီနှင့် ငှက်ဖျားတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့က ဖေဖော်ဝါရီတွင် ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားရှိ တီဘီရောဂါပြဿနာပိုမိုဆိုးရွားသွားခဲ့ကြောင်း လင်တန်က ဆက်လက်ပြောဆိုခဲ့သည်။
ရန်ပုံငွေအဖွဲ့က မြောက်ကိုရီးယားရှိ လုပ်ငန်းလည်ပတ်မှုကိုရပ်ဆိုင်းလိုက်ပြီဖြစ်သောကြောင့် လူနာများရရှိနေသည့် ဆေးဝါးများပြတ်လပ်တော့မည်ဖြစ်ကြောင်း ယူဂျင်းဘဲလ်၏ခေါင်းဆောင်တစ်ဦးဖြစ်သည့် ချွိုင် ဆီမွန်းကပြောဆိုခဲ့သည်။ ယူဂျင်းဘဲလ်နှင့် ရန်ပုံငွေအဖွဲ့တို့သည် ယခုနှစ်အတွင်း မြောက်ကိုရီးယားရှိ လူနာ ၂၀ဝ၀ ခန့်ကို တီဘီဆေးများထောက်ပံ့ပေးနိုင်ခဲ့သည်။
ယင်းလူနာဦးရေသည် တီဘီဖြစ်နေသည့် မြောက်ကိုရီးယားနိုင်ငံသားဦးရေ၏ ၃၀ ရာခိုင်နှုန်းသာဖြစ်သည်။

















