စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း မြို့နယ် ကျေးလက်ဒေသများအထိ လျှပ်စစ် မီးရရှိနိုင်ရေးအတွက် မြစ်ချောင်းများကို အခြေ ပြု၍ အသေးစားရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
"ချင်းတွင်းအထက်ပိုင်းတွေကို မဟာဓာတ် အားလိုင်းအနေနဲ့ကလည်း မရောက်နိုင်ဘူး။ ဟုမ္မလင်း၊ ခန္တီးဒေသဆိုတာ ဆက်သွယ်သွား လာရေးခက်ခဲတဲ့ ဒေသဆိုတော့ မြစ်ချောင်း ကို အမှီပြုပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင် ရေးကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။ ရေ အားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ဖို့ကို လည်း တိုင်းတာမှုတွေ ကွင်းဆင်းဆောင်ရွက် နေပါတယ်" ဟု စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဟုမ္မလင်းမြို့နယ်တွင် ရေအားလျှပ်စစ် (၂) မဂ္ဂါဝပ် နှစ်လုံးဖြင့် (၄) မဂ္ဂါဝပ်ထုတ်လုပ် နိုင်ရန် နန်းပငချောင်း၌လည်းကောင်း၊ ခန္တီး မြို့နယ်တွင် အသေးစား ရေအားလျှပ်စစ် (၃) မဂ္ဂါဝပ် နှစ်လုံးဖြင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်နိုင်ရန် တီးတစ်ချောင်းနှင့် နန်းဖလိန် ချောင်းဆုံရာနေရာ၌ လည်းကောင်း ဆောင်ရွက် လျက်ရှိကြောင်း၊ ခန္တီးမြို့တွင် ဒီဇယ်ဖြင့် လျှပ် စစ်မီးထုတ်လုပ်အသုံးပြုနေပြီး ဟုမ္မလင်းမြို့ တွင် ကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍လျှပ်စစ်မီး ပေးနေကြောင်း သိရသည်။
"ခန္တီးမြို့မှာ အသေးစားရေအားလျှပ်စစ် ထုတ်လုပ်နိုင်တဲ့နေရာ နှစ်နေရာကို ရွေးချယ် ထားပါတယ်။ တာဝိုင်ချောင်းရှိတယ်။ နန်းဖလိန် ချောင်းဆုံနေရာရှိတယ်။ တိုင်းဒေသကြီးအစိုးရ ရဲ့အစီအမံနဲ့ ဆောင်ရွက်မယ်လို့ သိရတယ်။ မဂ္ဂါဝပ် ဘယ်လောက်ထွက်မယ်ဆိုတာကတော့ ပညာရှင်တွေ တိုင်းတာမှ သိနိုင်မှာဖြစ်ပါတယ်" ဟု ခန္တီးမြို့ဒေသခံ မြို့မိမြို့ဖတစ်ဦးက ပြော ဆိုသည်။
ချင်းတွင်းအထက်ပိုင်း ဖောင်းပြင်၊ ဟုမ္မ လင်း၊ ခန္တီးမြို့များ လျှပ်စစ်မီးရရှိရေးအတွက် ပုဂ္ဂလိက ကုမ္ပဏီနှင့် မြို့နယ်လျှပ်စစ်တို့ ပေါင်း စပ်၍ ဒီဇယ်ဆီသုံး အင်ဂျင်ကြီးများဖြင့် လျှပ် စစ်မီးပေးလျက်ရှိရာ ယခုစက်သုံးဆီများ ဈေး တက်လာသည့်အတွက် လျှပ်စစ်မီးတစ်ယူနစ် လျှင် ငွေကျပ် ၆၀ဝ အထိ ပေးရကြောင်း သိရသည်။















